1. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်မိမိ၏ပြည်တော်ကို သနားတော်မူပါပြီ။ဣသရေလအမျိုးသားတို့အားတစ်ဖန် ပြန်လည်ချမ်းသာကြွယ်ဝစေတော်မူပါပြီ။
2. ကိုယ်တော်သည်မိမိလူစုတော်၏အပြစ် များကိုဖြေလွှတ်တော်မူ၍သူတို့၏အမှားများကို ခွင့်လွှတ်တော်မူပါပြီ။
3. သူတို့အားအမျက်ထွက်တော်မမူတော့ဘဲကိုယ်တော်၏ပြင်းထန်သောအမျက်ပြေတော် မူပါပြီ။
4. ကျွန်တော်မျိုးတို့၏ကယ်တင်ရှင်ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ကျွန်တော်မျိုးတို့အားမနှစ်သက်မှုရှိတော် မမူပါနှင့်။
5. ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက်ထွက်၍ နေတော်မူပါမည်လော။အမျက်တော်သည်အဘယ်အခါ၌မျှ ပြေတော်မမူတော့ပြီလော။
6. ကျွန်တော်မျိုးတို့ကိုအားသစ်လောင်းတော် မူပါ။သို့ပြုတော်မူပါလျှင်ကိုယ်တော်ရှင်၏လူစုတော်ဖြစ်သောကျွန်တော်မျိုးတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါမည်။
7. အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကိုပြတော်မူ၍ကျွန်တော်မျိုးတို့အား ကယ်တင်တော်မူပါ။
8. ငါသည်ထာဝရအရှင်ဘုရားသခင်မိန့်တော်မူသည်ကိုနားထောင်လျက်နေ၏။ငါတို့သည်မိုက်မဲသောလမ်းစဉ်ကိုစွန့်ပစ်ပါလျှင် ကိုယ်တော်သည်မိမိ၏လူစုတော်တည်းဟူသောငါတို့အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူမည်ဟု ကတိပြုတော်မူပါ၏။