ဆာ​လံ 84:4-8 Common Language Bible (BCL)

4. ကိုယ်​တော်​ရှင်​အား​အ​စဉ်​မ​ပြတ်​ထော​မ​နာ ပြု​လျက်ဗိ​မာန်​တော်​တွင်​နေ​ကြ​သူ​တို့​သည်​အ​လွန်​ပင် မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။

5. ကိုယ်​တော်​ရှင်​၏​ထံ​တော်​မှ​ခွန်​အား​စွမ်း​ရည်​ကို ခံ​ယူ​ရ​ရှိ​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။သူ​တို့​သည်​ဇိ​အုန်​တောင်​တော်​သို့​ခ​ရီး​ပြု​ရန် စိတ်​ထက်​သန်​ကြ​ပါ​၏။

6. ထို​သူ​တို့​သည်​ခြောက်​သွေ့​နေ​သည့်​ဗာ​ကာ ချိုင့်​ဝှမ်း​ကို ဖြတ်​သန်း​သွား​စဉ်​ရေ​များ​ပေါက်​၍​လာ​ပါ​၏။မိုး​ဦး​ရွာ​သ​ဖြင့်​အိုင်​များ​ထွန်း​၍​လာ​ပါ​၏။

7. ထို​သူ​တို့​သည်​ခ​ရီး​ပြု​ရင်း​ခွန်​အား​တိုး​၍ လာ​ကြ​ပါ​၏။ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘု​ရား​တ​ကာ တို့​၏ ဘု​ရား​ကို​ဖူး​မြင်​ရ​ကြ​ပါ​လိမ့်​မည်။

8. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​ပါ။အို ယာ​ကုပ်​၏​ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။

ဆာ​လံ 84