ဆာ​လံ 84:1-4 Common Language Bible (BCL)

1. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန် တော်​ကို အ​လွန်​နှစ်​သက်​မြတ်​နိုး​လျက်

2. ထို​အ​ရပ်​တွင်​လွန်​စွာ​နေ​လို​လှ​ပါ​သည်။ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တံ​တိုင်း​များ​ကို​တ​သ​ပါ​၏။အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အားကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ဝမ်း မြောက်​စွာ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​၏။

3. ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊စာ​ငှက်​များ​နှင့်​ဇ​ရက်​များ​ပင်​လျှင်​မိ​မိ​တို့​၏ အ​သိုက်​အ​အုံ​များ​ကိုကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​အ​နီး​တွင်​ဆောက် လုပ်​၍ သား​ငယ်​များ​ကို​ထား​ကြ​ပါ​၏။

4. ကိုယ်​တော်​ရှင်​အား​အ​စဉ်​မ​ပြတ်​ထော​မ​နာ ပြု​လျက်ဗိ​မာန်​တော်​တွင်​နေ​ကြ​သူ​တို့​သည်​အ​လွန်​ပင် မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။

ဆာ​လံ 84