4. သူတို့က``လာကြ၊ဣသရေလမျိုးရိုးသည်ထာဝစဉ်တိမ်ကော၍သွားစေရန်သူတို့ လူမျိုးကို သုတ်သင်ချေမှုန်းကြကုန်အံ့'' ဟုဆိုကြ၏။
5. သူတို့သည်တညီတညွတ်တည်း တိုင်ပင်ကြံစည်ကြပြီးနောက်ကိုယ်တော်ရှင်အားဆန့်ကျင်ဘက်ပြု၍ မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းလိုက်ကြပါ၏။
6. ထိုမဟာမိတ်အဖွဲ့တွင်ဧဒုံ၊ဣရှမေလ၊ မောဘ၊ ဟာဂရအမျိုးသားများ၊
7. ဂေဗလ၊အမ္မုန်၊အာမလက်၊ဖိလိတ္တိအမျိုးသား များနှင့် တုရုမြို့သားများပါဝင်ကြ၏။
8. အာရှုရိအမျိုးသားများသည်လည်းလောတ၏သားမြေးများဖြစ်သောအမ္မုန်နှင့်မောဘဘက်မှ မဟာမိတ်အဖြစ်ဖြင့်ပါဝင်ကြပါ၏။
11. သြရဘမင်းနှင့်ဇေဘမင်းတို့ကို ကိုယ်တော်ရှင် ပြုသကဲ့သို့သူတို့၏ခေါင်းဆောင်များအားပြုတော်မူပါ။ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့အားအရေးရှုံးနိမ့် စေတော်မူသကဲ့သို့သူတို့၏မင်းရှိသမျှအားလည်းအရေးရှုံးနိမ့် စေတော်မူပါ။