ဆာ​လံ 83:3-15 Common Language Bible (BCL)

3. သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား တိုက်​ခိုက်​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက်​နေ​ကြ ပါ​၏။ကိုယ်​တော်​ရှင်​ကွယ်​ကာ​ထား​တော်​မူ​သောသူ​တို့​အား​ဆန့်​ကျင်​ရန်​တိုင်​ပင်​လျက်​နေ ကြ​ပါ​၏။

4. သူ​တို့​က``လာ​ကြ၊ဣသ​ရေ​လ​မျိုး​ရိုး​သည်ထာ​ဝ​စဉ်​တိမ်​ကော​၍​သွား​စေ​ရန်​သူ​တို့ လူ​မျိုး​ကို သုတ်​သင်​ချေ​မှုန်း​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။

5. သူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြံ​စည်​ကြ​ပြီး​နောက်ကိုယ်​တော်​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​၍ မ​ဟာ​မိတ်​အ​ဖွဲ့​ကို​ဖွဲ့​စည်း​လိုက်​ကြ​ပါ​၏။

6. ထို​မ​ဟာ​မိတ်​အ​ဖွဲ့​တွင်​ဧ​ဒုံ၊ဣ​ရှ​မေ​လ၊ မော​ဘ၊ ဟာ​ဂ​ရ​အ​မျိုး​သား​များ၊

7. ဂေ​ဗ​လ၊အမ္မုန်၊အာ​မ​လက်၊ဖိ​လိတ္တိ​အ​မျိုး​သား များ​နှင့် တု​ရု​မြို့​သား​များ​ပါ​ဝင်​ကြ​၏။

8. အာ​ရှု​ရိ​အ​မျိုး​သား​များ​သည်​လည်း​လော​တ​၏သား​မြေး​များ​ဖြစ်​သော​အမ္မုန်​နှင့်​မော​ဘ​ဘက်​မှ မ​ဟာ​မိတ်​အ​ဖြစ်​ဖြင့်​ပါ​ဝင်​ကြ​ပါ​၏။

11. သြ​ရ​ဘ​မင်း​နှင့်​ဇေ​ဘ​မင်း​တို့​ကို ကိုယ်​တော်​ရှင် ပြု​သ​ကဲ့​သို့သူ​တို့​၏​ခေါင်း​ဆောင်​များ​အား​ပြု​တော်​မူ​ပါ။ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​အား​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​သ​ကဲ့​သို့သူ​တို့​၏​မင်း​ရှိ​သ​မျှ​အား​လည်း​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​ပါ။

12. ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​က``ငါ​တို့​သည် ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ပြည်​ကိုသိမ်း​ယူ​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​ပါ​၏။

13. အို ဘု​ရား​သ​ခင်၊သူ​တို့​အား​လေ​ဗွေ​၌​ပါ​သွား​သော မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊လေ​တိုက်​ရာ​လွင့်​ပါ​သွား​တတ်​သည့် ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​စေ​တော်​မူ​ပါ။

14. သစ်​တော​ကို​ကျွမ်း​လောင်​စေ​သည့် မီး​ကဲ့​သို့​လည်း​ကောင်း၊တောင်​ကုန်း​များ​ကို​ကျွမ်း​လောင်​စေ​သည့် မီး​တောက်​မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း

15. ကိုယ်​တော်​ရှင်​၏​မိုး​သက်​မုန်​တိုင်း​အား​ဖြင့် သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​လေ​ပြင်း​အား​ဖြင့်​သူ​တို့​ကို ကြောက်​လန့်​စေ​တော်​မူ​ပါ။

ဆာ​လံ 83