8. ငါ၏လူစုတော်တို့၊ငါသတိပေးသည်ကို နားထောင်စေချင်စမ်းပါဘိ။ဣသရေလအမျိုးသားတို့၊သင်တို့သည်ငါ့ စကားကို နားထောင်ကြလော့။
9. သင်တို့သည်အခြားသောဘုရားကိုအဘယ် အခါ၌မျှ မကိုးကွယ်ရ။
10. ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။သင်တို့ခံတွင်းကိုဖွင့်ဟကြလော့။ ငါသည်သင်တို့အားကျွေးမွေးမည်။
11. သို့ရာတွင်ငါ၏လူစုတော်ကားငါ့စကားကို နားမထောင်ကြ။ဣသရေလအမျိုးသားတို့သည်ငါ့အမိန့်ကို မနာခံကြ။
12. သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့်သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
13. ငါ၏လူစုတော်သည်ငါ့စကားကို နားထောင်စေချင်စမ်းပါဘိ။ငါ့အမိန့်ကိုနာခံစေချင်စမ်းပါဘိ။