ဆာ​လံ 81:11-16 Common Language Bible (BCL)

11. သို့​ရာ​တွင်​ငါ​၏​လူ​စု​တော်​ကား​ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အ​မိန့်​ကို မ​နာ​ခံ​ကြ။

12. သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​ခေါင်း​မာ​မြဲ​မာ စေ​ရန်​နှင့်သူ​တို့​အ​လို​အ​တိုင်း​ပြု​ကျင့်​စေ​ရန်​အ​ခွင့်​ပေး​၏။

13. ငါ​၏​လူ​စု​တော်​သည်​ငါ့​စ​ကား​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ငါ့​အ​မိန့်​ကို​နာ​ခံ​စေ​ချင်​စမ်း​ပါ​ဘိ။

14. သို့​ဖြစ်​လျှင်​ငါ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို အ​လျင်​အ​မြန်​အ​ရေး​ရှုံး​နိမ့်​စေ​မည်။သူ​တို့​၏​ရန်​ဘက်​အား​လုံး​ကို​နှိမ်​နင်း​မည်။

15. ငါ့​ကို​မုန်း​သော​သူ​တို့​သည်​ငါ့​ရှေ့​၌ ကြောက်​ရွံ့​ပျပ်​ဝပ်​ကြ​လိမ့်​မည်။သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ လိမ့်​မည်။

16. ငါ​သည်​သင်​တို့​အား​အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ကို ကျွေး​မွေး​၍တော​ပျား​ရည်​ကို​သုံး​ဆောင်​စေ​မည်'' ဟု​ဆို​၏။

ဆာ​လံ 81