8. ကိုယ်တော်ရှင်သည်အီဂျစ်ပြည်မှစပျစ်ပင်ကို ယူဆောင်တော်မူခဲ့၍အခြားအမျိုးသားတို့ကိုနှင်ထုတ်တော်မူ ပြီးလျှင်သူတို့၏ပြည်တွင်ထိုစပျစ်ပင်ကိုစိုက်ပျိုး တော်မူပါ၏။
9. ကိုယ်တော်ရှင်သည်စပျစ်ပင်ပေါက်နိုင်ရန်မြေကို ရှင်းလင်းပြုပြင်တော်မူပါ၏။ထိုအပင်သည်နက်စွာအမြစ်စွဲလျက်တစ်ပြည် လုံးကို လွှမ်းမိုးပါ၏။
10. ယင်းသည်တောင်ကုန်းများကိုမိမိ၏ အရိပ်ဖြင့်လည်းကောင်း၊ကြီးမားသည့်အာရဇ်ပင်များကိုမိမိ၏အကိုင်း အခက်များဖြင့်လည်းကောင်းဖုံးလွှမ်းစေပါ၏။
11. ယင်း၏အခက်အလက်တို့သည်မြေထဲပင်လယ် သို့တိုင်အောင်လည်းကောင်း၊ဥဖရတ်မြစ်သို့တိုင်အောင်လည်းကောင်း ရောက်ရှိကြပါ၏။
12. ထိုအပင်ကိုကာရံထားသည့်ခြံစည်းရိုးများကိုအဘယ်ကြောင့်ကိုယ်တော်ရှင်သည် ချိုးဖျက်တော်မူပါသနည်း။ယခုအခါအနီးမှဖြတ်သန်းသွားလာသူတိုင်းပင်လျှင်စပျစ်သီးများကိုခိုးယူ နိုင်ပါ၏။
13. ထိုအပင်ကိုတောဝက်များသည်ကျော်နင်း ကြ၍ တောတိရစ္ဆာန်များသည်ကိုက်စားကြပါ၏။
14. အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့ထံ တစ်ဖန်ကြွတော်မူပါ။ကောင်းကင်ဘုံမှငုံ့၍ကြည့်တော်မူပါ။ကြွလာတော်မူ၍ကိုယ်တော်၏လူစုတော်ကို ကယ်တော်မူပါ။
15. ကြွလာတော်မူ၍ကိုယ်တော်ရှင်ကိုယ်တော်တိုင် စိုက်ပျိုးပြီးလျှင်အလွန်သန်မာထွားကြိုင်းအောင်ပြုစုထားသည့် စပျစ်ပင်ပျိုကိုကယ်တော်မူပါ။
16. ကျွန်တော်မျိုးတို့၏ရန်သူများသည်ထိုအပင်ကို မီးရှို့ခုတ်လှဲကြပါပြီ။ထိုသူတို့ကိုအမျက်တော်နှင့်ကြည့်တော် မူ၍ သုတ်သင်ဖျက်ဆီးတော်မူပါ။