ဆာ​လံ 80:7-18 Common Language Bible (BCL)

7. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​အား ပြန်​လာ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို​ပြ​တော် မူ​ပါ။သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း ခံ​ရ​ကြ​ပါ​မည်။

8. ကိုယ်​တော်​ရှင်​သည်​အီ​ဂျစ်​ပြည်​မှ​စ​ပျစ်​ပင်​ကို ယူ​ဆောင်​တော်​မူ​ခဲ့​၍အ​ခြား​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​တော်​မူ ပြီး​လျှင်သူ​တို့​၏​ပြည်​တွင်​ထို​စ​ပျစ်​ပင်​ကို​စိုက်​ပျိုး တော်​မူ​ပါ​၏။

9. ကိုယ်​တော်​ရှင်​သည်​စ​ပျစ်​ပင်​ပေါက်​နိုင်​ရန်​မြေ​ကို ရှင်း​လင်း​ပြု​ပြင်​တော်​မူ​ပါ​၏။ထို​အ​ပင်​သည်​နက်​စွာ​အ​မြစ်​စွဲ​လျက်​တစ်​ပြည် လုံး​ကို လွှမ်း​မိုး​ပါ​၏။

10. ယင်း​သည်​တောင်​ကုန်း​များ​ကို​မိ​မိ​၏ အ​ရိပ်​ဖြင့်​လည်း​ကောင်း၊ကြီး​မား​သည့်​အာ​ရဇ်​ပင်​များ​ကို​မိ​မိ​၏​အ​ကိုင်း အ​ခက်​များ​ဖြင့်​လည်း​ကောင်း​ဖုံး​လွှမ်း​စေ​ပါ​၏။

11. ယင်း​၏​အ​ခက်​အ​လက်​တို့​သည်​မြေ​ထဲ​ပင်​လယ် သို့​တိုင်​အောင်​လည်း​ကောင်း၊ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​လည်း​ကောင်း ရောက်​ရှိ​ကြ​ပါ​၏။

12. ထို​အ​ပင်​ကို​ကာ​ရံ​ထား​သည့်​ခြံ​စည်း​ရိုး​များ​ကိုအ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ချိုး​ဖျက်​တော်​မူ​ပါ​သ​နည်း။ယ​ခု​အ​ခါ​အ​နီး​မှ​ဖြတ်​သန်း​သွား​လာသူ​တိုင်း​ပင်​လျှင်​စ​ပျစ်​သီး​များ​ကို​ခိုး​ယူ နိုင်​ပါ​၏။

13. ထို​အ​ပင်​ကို​တော​ဝက်​များ​သည်​ကျော်​နင်း ကြ​၍ တော​တိ​ရစ္ဆာန်​များ​သည်​ကိုက်​စား​ကြ​ပါ​၏။

14. အနန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​ထံ တစ်​ဖန်​ကြွ​တော်​မူ​ပါ။ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​ပါ။ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​၏​လူ​စု​တော်​ကို ကယ်​တော်​မူ​ပါ။

15. ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင် စိုက်​ပျိုး​ပြီး​လျှင်အ​လွန်​သန်​မာ​ထွား​ကြိုင်း​အောင်​ပြု​စု​ထား​သည့် စ​ပျစ်​ပင်​ပျို​ကို​ကယ်​တော်​မူ​ပါ။

16. ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထို​အ​ပင်​ကို မီး​ရှို့​ခုတ်​လှဲ​ကြ​ပါ​ပြီ။ထို​သူ​တို့​ကို​အ​မျက်​တော်​နှင့်​ကြည့်​တော် မူ​၍ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ။

17. ကိုယ်​တော်​ရှင်​ရွေး​ချယ်​တော်​မူ​သော​လူ​စု၊ အင်​အား​ကြီး​မား​အောင်ကိုယ်​တော်​ရှင်​ပြု​စု​တော်​မူ​သည့်​လူ​မျိုး​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပါ။

18. ကျွန်​တော်​မျိုး​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှကိုယ်​တော်​ရှင်​အား​ကျော​ခိုင်း​ကြ​တော့​မည် မ​ဟုတ်​ပါ။ကျွန်​တော်​မျိုး​တို့​အား​အ​သက်​ရှင်​စေ​တော်​မူ​လျှင်ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။

ဆာ​လံ 80