12. ထိုအပင်ကိုကာရံထားသည့်ခြံစည်းရိုးများကိုအဘယ်ကြောင့်ကိုယ်တော်ရှင်သည် ချိုးဖျက်တော်မူပါသနည်း။ယခုအခါအနီးမှဖြတ်သန်းသွားလာသူတိုင်းပင်လျှင်စပျစ်သီးများကိုခိုးယူ နိုင်ပါ၏။
13. ထိုအပင်ကိုတောဝက်များသည်ကျော်နင်း ကြ၍ တောတိရစ္ဆာန်များသည်ကိုက်စားကြပါ၏။
14. အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့ထံ တစ်ဖန်ကြွတော်မူပါ။ကောင်းကင်ဘုံမှငုံ့၍ကြည့်တော်မူပါ။ကြွလာတော်မူ၍ကိုယ်တော်၏လူစုတော်ကို ကယ်တော်မူပါ။
15. ကြွလာတော်မူ၍ကိုယ်တော်ရှင်ကိုယ်တော်တိုင် စိုက်ပျိုးပြီးလျှင်အလွန်သန်မာထွားကြိုင်းအောင်ပြုစုထားသည့် စပျစ်ပင်ပျိုကိုကယ်တော်မူပါ။
16. ကျွန်တော်မျိုးတို့၏ရန်သူများသည်ထိုအပင်ကို မီးရှို့ခုတ်လှဲကြပါပြီ။ထိုသူတို့ကိုအမျက်တော်နှင့်ကြည့်တော် မူ၍ သုတ်သင်ဖျက်ဆီးတော်မူပါ။