10. ယင်းသည်တောင်ကုန်းများကိုမိမိ၏ အရိပ်ဖြင့်လည်းကောင်း၊ကြီးမားသည့်အာရဇ်ပင်များကိုမိမိ၏အကိုင်း အခက်များဖြင့်လည်းကောင်းဖုံးလွှမ်းစေပါ၏။
11. ယင်း၏အခက်အလက်တို့သည်မြေထဲပင်လယ် သို့တိုင်အောင်လည်းကောင်း၊ဥဖရတ်မြစ်သို့တိုင်အောင်လည်းကောင်း ရောက်ရှိကြပါ၏။
12. ထိုအပင်ကိုကာရံထားသည့်ခြံစည်းရိုးများကိုအဘယ်ကြောင့်ကိုယ်တော်ရှင်သည် ချိုးဖျက်တော်မူပါသနည်း။ယခုအခါအနီးမှဖြတ်သန်းသွားလာသူတိုင်းပင်လျှင်စပျစ်သီးများကိုခိုးယူ နိုင်ပါ၏။
13. ထိုအပင်ကိုတောဝက်များသည်ကျော်နင်း ကြ၍ တောတိရစ္ဆာန်များသည်ကိုက်စားကြပါ၏။
14. အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့ထံ တစ်ဖန်ကြွတော်မူပါ။ကောင်းကင်ဘုံမှငုံ့၍ကြည့်တော်မူပါ။ကြွလာတော်မူ၍ကိုယ်တော်၏လူစုတော်ကို ကယ်တော်မူပါ။
15. ကြွလာတော်မူ၍ကိုယ်တော်ရှင်ကိုယ်တော်တိုင် စိုက်ပျိုးပြီးလျှင်အလွန်သန်မာထွားကြိုင်းအောင်ပြုစုထားသည့် စပျစ်ပင်ပျိုကိုကယ်တော်မူပါ။
16. ကျွန်တော်မျိုးတို့၏ရန်သူများသည်ထိုအပင်ကို မီးရှို့ခုတ်လှဲကြပါပြီ။ထိုသူတို့ကိုအမျက်တော်နှင့်ကြည့်တော် မူ၍ သုတ်သင်ဖျက်ဆီးတော်မူပါ။
17. ကိုယ်တော်ရှင်ရွေးချယ်တော်မူသောလူစု၊ အင်အားကြီးမားအောင်ကိုယ်တော်ရှင်ပြုစုတော်မူသည့်လူမျိုးကို ကာကွယ်စောင့်ရှောက်တော်မူပါ။
18. ကျွန်တော်မျိုးတို့သည်အဘယ်အခါ၌မျှကိုယ်တော်ရှင်အားကျောခိုင်းကြတော့မည် မဟုတ်ပါ။ကျွန်တော်မျိုးတို့အားအသက်ရှင်စေတော်မူလျှင်ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
19. အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်းခံရကြပါမည်။