7. ဤနည်းအားဖြင့်ယင်းသားမြေးတို့သည် ဘုရားသခင်ကိုကိုးစားလာကာကိုယ်တော်ပြုသောအမှုအရာတို့ကိုမမေ့မလျော့ဘဲပညတ်တော်တို့ကိုအစဉ် စောင့်ထိန်းကြပေလိမ့်မည်။
8. သူတို့သည်ဘုရားစကားကိုနားမထောင်ဘဲပုန်ကန်တတ်သောဘိုးဘေးတို့ကဲ့သို့မဖြစ် တော့ပေ။ထိုဘိုးဘေးတို့ကားအဘယ်အခါကမျှဘုရားသခင်ကိုစွဲမြဲစွာကိုးစားမှုမရှိ ခဲ့ကြ။ကိုယ်တော်၏အပေါ်၌လည်းအစဉ်အမြဲ သစ္စာမစောင့်ကြ။
9. လေးမြားကိုကိုင်စွဲတိုက်ခိုက်ကြသောဧဖရိမ်အမျိုးသားတို့သည်စစ်ပွဲဝင်ရသောနေ့၌ ထွက်ပြေးကြကုန်၏။
10. သူတို့သည်ဘုရားသခင်နှင့်မိမိတို့ပြုထားသည့် ပဋိညာဉ်ကိုမစောင့်ထိန်းကြ။ကိုယ်တော်ရှင်၏ပညတ်တော်ကိုလိုက်နာရန် ငြင်းဆန်ကြ၏။
11. သူတို့သည်ကိုယ်တော်ပြုတော်မူသော အမှုအရာများကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသောထူးဆန်းသည့်နိမိတ်လက္ခဏာများကိုလည်းကောင်းမေ့လျော့ ကြလေကုန်ပြီ။
12. အီဂျစ်ပြည်ဇောနလွင်ပြင်တွင်သူတို့၏ ဘိုးဘေးတို့၏မျက်မှောက်၌ထာဝရဘုရားသည်ထူးဆန်းသည့်နိမိတ် လက္ခဏာများကိုပြတော်မူ၏။
13. ကိုယ်တော်သည်ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ရေကိုစုပုံစေပြီးလျှင်သူတို့အား ဖြတ်ကူးစေတော်မူ၏။
14. နေ့အချိန်၌ကိုယ်တော်သည်မိုးတိမ်တိုက် အားဖြင့်လည်းကောင်း၊တစ်ညပတ်လုံးမီးအလင်းရောင်အားဖြင့်လည်းကောင်းသူတို့အားလမ်းပြ ပို့ဆောင်တော်မူ၏။
15. ကိုယ်တော်သည်တောကန္တာရတွင်ကျောက်ဆောင်ကိုခွဲ၍နက်ရှိုင်းရာမှရေကို ထိုသူတို့အားတိုက်တော်မူ၏။