ဆာ​လံ 78:42-43-52 Common Language Bible (BCL)

5. ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဥ​ပ​ဒေ​များ​ကို​လည်း​ကောင်း၊ယာ​ကုပ်​အ​မျိုး​အ​နွယ်​တို့​အား​ပ​ညတ်​တော် များ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​ခဲ့​၏။ပ​ညတ်​တော်​များ​ကို​သား​မြေး​တို့​အား တစ်​ဆင့်​သွန်​သင်​ပေး​နိုင်​ကြ​ရန်ကိုယ်​တော်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​အား မှာ​ကြား​ဆင့်​ဆို​တော်​မူ​၏။

6. ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ၊နောက်​လူ​မျိုး​ဆက် သည် ပ​ညတ်​တော်​တို့​ကို​သိ​ရှိ​နား​လည်​လျက်မိ​မိ​တို့​၏​သား​မြေး​တို့​အား​တစ်​ဆင့်​ပြန်​၍ သွန်​သင်​ပေး​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။

7. ဤ​နည်း​အား​ဖြင့်​ယင်း​သား​မြေး​တို့​သည် ဘု​ရား​သ​ခင်​ကို​ကိုး​စား​လာ​ကာကိုယ်​တော်​ပြု​သော​အ​မှု​အ​ရာ​တို့​ကိုမ​မေ့​မ​လျော့​ဘဲ​ပ​ညတ်​တော်​တို့​ကို​အ​စဉ် စောင့်​ထိန်း​ကြ​ပေ​လိမ့်​မည်။

8. သူ​တို့​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင်​ဘဲပုန်​ကန်​တတ်​သော​ဘိုး​ဘေး​တို့​ကဲ့​သို့​မ​ဖြစ် တော့​ပေ။ထို​ဘိုး​ဘေး​တို့​ကား​အ​ဘယ်​အ​ခါ​က​မျှဘု​ရား​သ​ခင်​ကို​စွဲ​မြဲ​စွာ​ကိုး​စား​မှု​မ​ရှိ ခဲ့​ကြ။ကိုယ်​တော်​၏​အ​ပေါ်​၌​လည်း​အ​စဉ်​အ​မြဲ သစ္စာ​မ​စောင့်​ကြ။

9. လေး​မြား​ကို​ကိုင်​စွဲ​တိုက်​ခိုက်​ကြ​သောဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌ ထွက်​ပြေး​ကြ​ကုန်​၏။

42-43. သူ​တို့​သည်​ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော် ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်းမိ​မိ​တို့​အား​ရန်​သူ​တို့​လက်​မှကိုယ်​တော်​ကယ်​တော်​မူ​ခဲ့​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ တော်​မူ ခဲ့​ကြောင်း​ကို​လည်း​ကောင်း​သ​တိ​မ​ရ​ကြ။

44. အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​မ​သောက်​မ​သုံး နိုင်​ကြ​စေ​ရန်ချောင်း​များ​မြစ်​များ​မှ​ရေ​တို့​ကို​ကိုယ်​တော် သည် သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​၏။

45. ကိုယ်​တော်​သည်​သူ​တို့​အား​အ​တိ​ဒုက္ခ​ပေး​သည့် ယင်​ရဲ​များ​ကို​လည်း​ကောင်း၊သူ​တို့​၏​လယ်​ယာ​များ​ကို​ဖျက်​ဆီး​ကြ​သည့်ဖား​များ​ကို​လည်း​ကောင်း​သူ​တို့​ထံ​သို့​စေ လွှတ်​တော်​မူ​၏။

46. သူ​တို့​၏​ကောက်​ပဲ​သီး​နှံ​များ​ကို​စား​ပစ်​ရန်​နှင့်လယ်​ယာ​များ​ကို​ဖျက်​ဆီး​ပစ်​ရန်​နှံ​ကောင်​များ​ကို စေ​လွှတ်​တော်​မူ​၏။

47. သူ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​မိုး​သီး​အား​ဖြင့် လည်း​ကောင်း၊သ​ဖန်း​ပင်​များ​ကို​ဆီး​နှင်း​ခဲ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​တော်​မူ​၏။

48. သူ​တို့​၏​ကျွဲ​နွား​တိ​ရစ္ဆာန်​များ​ကို မိုး​သီး​အား​ဖြင့်​လည်း​ကောင်း၊သိုး​အုပ်​ဆိတ်​အုပ်​များ​ကို​မိုး​ကြိုး အား​ဖြင့်​လည်း​ကောင်း​ဖျက်​ဆီး​ပစ်​တော်​မူ​၏။

49. ကိုယ်​တော်​သည်​သူ​တို့​အား​ပြင်း​ထန်​သော အ​မျက်​တော်​ထွက်​တော်​မူ​၏။အ​မျက်​တော်​သည်​သေ​မင်း​၏​တ​မန်​များ​သ​ဖွယ် သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။

50. ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ချုပ်​တည်း​တော်​မ​မူ။ထို​သူ​တို့​၏​အ​သက်​ကို​လည်း​ချမ်း​သာ​ပေး တော်​မ​မူ။သူ​တို့​အား​ကပ်​ရော​ဂါ​အား​ဖြင့်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​၏။

51. ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ရှိ​အိမ်​ထောင်​စု​အ​ပေါင်း​မှ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။

52. ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကိုသိုး​ထိန်း​သ​ဖွယ်​ရှေ့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို ဖြတ်​၍​ပို့​ဆောင်​တော်​မူ​၏။

ဆာ​လံ 78