1. ငါ၏အမျိုးသားတို့၊ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။ငါပြောသည့်စကားကိုအာရုံစိုက်ကြလော့။
2. ဘိုးဘေးတို့ပြောကြားခဲ့သဖြင့်ငါတို့ကြားသိရသည့်
3. အတိတ်ကာလမှလျှို့ဝှက် နက်နဲသောအရာများအကြောင်းကိုသင်တို့အားငါစကားပုံများဖြင့်ရှင်း ပြမည်။
4. ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သောအမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
21-22. ထိုသူတို့၏စကားကိုကြားတော်မူသောအခါထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ မိမိလူစုတော်အားမီးဘေးသင့်စေတော်မူ၏။သူတို့သည်ကိုယ်တော်ကိုအားမကိုး။ကိုယ်တော်ကယ်တော်မူမည်ကိုလည်းမယုံ ကြည်ကြ။အမျက်တော်သည်ပိုမိုပြင်းထန်လာ၏။