8. သူတို့သည်ကျွန်တော်မျိုးတို့အားနာလန်မထူနိုင်အောင် ချေမှုန်းလိုကြပါ၏။တိုင်းပြည်တွင်ရှိသမျှသောဝတ်ပြုကိုးကွယ်ရာ ဌာနတို့ကိုမီးရှို့ပစ်ကြပါ၏။
9. ကျွန်တော်မျိုးတို့၏ဘာသာတရားဆိုင်ရာ အမှတ်အသားများအားလုံးပင်မရှိတော့ပါ။ပရောဖက်များလည်းမရှိတော့ပါ။အဘယ်မျှကြာအောင်ဤသို့ဖြစ်နေမည်ကို အဘယ်သူမျှမသိပါ။
10. အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင်ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။
11. အဘယ်ကြောင့်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အားကူမရန် ငြင်းဆန်တော်မူပါသနည်း။အဘယ်ကြောင့်လက်ပိုက်၍နေတော်မူပါ သနည်း။
12. သို့သော် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်အစမူလကတည်းကပင်လျှင် ကျွန်တော်မျိုးတို့၏ဘုရင်ဖြစ်တော်မူပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ကို အကြိမ်ပေါင်းများစွာကယ်တော်မူခဲ့ပါပြီ။
13. ကိုယ်တော်ရှင်သည်မဟာတန်ခိုးတော်ဖြင့် ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ရေသူရဲတို့၏ဦးခေါင်းများကိုခွဲတော်မူ ပါ၏။