9. သဲကန္တာရရှိလူမျိုးအပေါင်းတို့သည် မင်းကြီး၏ ရှေ့တော်၌ဦးညွှတ်ကြပါလိမ့်မည်။မင်းကြီး၏ရန်သူများသည်ခြေတော်ရင်းတွင် ပျပ်ဝပ်ကြပါလိမ့်မည်။
10. စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။အာရေဗျပြည်နှင့်အဲသရောပိပြည်မှရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
11. ဘုရင်အပေါင်းတို့သည်မင်းကြီး၏ရှေ့တော်တွင် ပျပ်ဝပ်ကြပါလိမ့်မည်။လူမျိုးတကာတို့သည်လည်းမင်းကြီး၏ အစေကို ခံကြပါလိမ့်မည်။
12. မင်းကြီးသည်မိမိအားဟစ်ခေါ်ကြသည့် ဆင်းရဲသူတို့အားလည်းကောင်း၊ချို့တဲ့နွမ်းပါး၍ခိုကိုးရာမဲ့သူတို့ အားလည်းကောင်းကယ်ဆယ်တော်မူ၏။
13. ချို့တဲ့ဆင်းရဲသူတို့ကိုသနားတော်မူ၍ သူတို့၏ အသက်ကိုကယ်တော်မူ၏။
14. သူတို့၏အသက်သည်မင်းကြီး၏ရှေ့တော်တွင် အဖိုးထိုက်သည်အလျောက်ဖိစီးနှိပ်စက်မှုနှင့်အကြမ်းဖက်မှုများမှသူတို့ကိုကယ်ဆယ် တော်မူ၏။
15. မင်းကြီးသည်သက်တော်ရှည်ပါစေသော။အာရေဗျပြည်မှရွှေများကိုလက်ဆောင်ပဏ္ဏာ အဖြစ်ရရှိပါစေသော။လူတို့သည်မင်းကြီး၏အတွက်အစဉ်ဆုတောင်း ပတ္ထနာများပြုကြပါစေသော။ဘုရားသခင်သည်မင်းကြီးအားအစဉ်အမြဲ ကောင်းချီးပေးတော်မူပါစေသော။
16. တိုင်းပြည်အတွင်း၌စားနပ်ရိက္ခာပေါများပါ စေသော။လေဗနုန်တောင်တွင်သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသကဲ့သို့တောင်ကုန်းများသည်ကောက်ပဲသီးနှံများ ဖြင့် ဖုံးအုပ်လျက်ရှိပါစေသော။မြို့ကြီးများရှိလူဦးရေသည်ကွင်းပြင်ရှိ မြက်ကဲ့သို့ထူထပ်ပေါများပါစေသော။
17. မင်းကြီး၏နာမတော်သည်တည်မြဲပါ စေသော။ဂုဏ်သတင်းတော်သည်နေကဲ့သို့အစဉ်အမြဲ တည်နေပါစေသော။ဘုရားသခင်သည်မင်းကြီးအားကောင်းချီး ပေးတော်မူ သကဲ့သို့လူမျိုးတကာတို့သည်မိမိတို့အားလည်းကောင်း၊ကောင်းချီးပေးတော် မူရန် ဘုရားသခင်ထံတောင်းလျှောက်ကြပါစေသော။
18. ဣသရေလအမျိုးသားတို့၏ဘုရားတည်း ဟူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ကိုယ်တော်သာလျှင်ဤသို့အံ့သြဖွယ်ကောင်းသည့် အမှုတို့ကိုပြုတော်မူ၏။
19. ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။အာမင်။ အာမင်။
20. ဤတွင်ယေရှဲ၏သားဒါဝိဒ်၏ဆုတောင်းပတ္ထနာ များပြီးဆုံး၏။