22. ကျွန်တော်မျိုးသည်အမှန်ပင်ကိုယ်တော်ရှင်အား စောင်းတီး၍ထောမနာပြုပါမည်။အို ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းကိုထောမနာပြုပါမည်။ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောအရှင်ဖြစ်တော်မူသည့်ကိုယ်တော်ရှင်အားစောင်းတီး၍့ဋ္ဌမ္မသီချင်း များဖြင့် ချီးမွမ်းပါမည်။
23. ကိုယ်တော်ရှင်အတွက်စောင်းကိုတီးစဉ်ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာ သီချင်းဆိုပါမည်။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ သီချင်းဆိုပါမည်။
24. ကျွန်တော်မျိုးအားအကျိုးယုတ်စေရန်ရှာကြံသူတို့သည်အရေးရှုံးနိမ့်၍အသရေပျက် ရကြပြီဖြစ်သောကြောင့်ကိုယ်တော်ရှင်ဖြောင့်မတ်တော်မူခြင်းတရားအကြောင်းကိုတစ်နေ့လုံးပြောကြား ပါမည်။