ဆာ​လံ 68:9-19 Common Language Bible (BCL)

9. ကိုယ်​တော်​ရှင်​သည်​မိုး​ကို​သည်း​ထန်​စွာ​ရွာ​စေ သ​ဖြင့်ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​သည့်​ပြည်​တော်​ကို ပြန်​လည်​၍​လန်း​ဆန်း​စေ​တော်​မူ​ပါ​၏။

10. ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​ကြ​၏။ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏ကောင်း​မြတ်​တော်​မူ​ခြင်း​ကြောင့်​ဖူ​လုံ​လျက်​ရှိ ကြ​ပါ​၏။

13. ယင်း​ပစ္စည်း​များ​မှာ​ရွှေ​ရောင်​ပြောင်​လက်​သော အ​မွေး​အ​တောင်​များ​ရှိ​သည့်ငွေ​ဖြင့်​ဖုံး​အုပ်​သော​ချိုး​ငှက်​ရုပ်​များ​ဖြစ်​သည်။(သင်​တို့​အ​ချို့​သည်​စစ်​ပွဲ​ဝင်​သော​နေ့​တွင် အ​ဘယ်​ကြောင့်​သိုး​ခြံ​များ​၌​နေ​ခဲ့​သ​နည်း။)

14. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ဇာ​လ​မုန်​တောင်​ပေါ်​တွင်​ဘု​ရင်​မင်း​တို့​ကိုကွဲ​လွင့်​စေ​တော်​မူ​သော​အ​ခါ​ထို​တောင်​ပေါ် တွင် မိုး​ပွင့်​များ​ကျ​စေ​တော်​မူ​၏။

15. ဗာ​ရှန်​တောင်​သည်​လွန်​စွာ​ကြီး​မား​လှ​ပါ​ပေ​သည်။တောင်​ထိပ်​များ​စွာ​ရှိ​သည့်​တောင်​ဖြစ်​ပါ​သည် တ​ကား။

16. ကြီး​မား​သည့်​တောင်​ထိပ်​များ​မှ​သင်​သည် အ​ဘယ်​ကြောင့်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော် မူ​ရန်ရွေး​ချယ်​ထား​သည့်​တောင်​တော်​ကို​မ​ထီ​လေး​စား စိတ်​ဖြင့်​ကြည့်​ပါ​သ​နည်း။ထာ​ဝ​ရ​ဘု​ရား​သည်​ထို​တောင်​ပေါ်​တွင်​ထာ​ဝ​စဉ် ကိန်း​ဝပ်​တော်​မူ​မည်။

17. ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့်သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။

18. ကိုယ်​တော်​သည်​သုံ့​ပန်း​များ​ကို​ခေါ်​ဆောင်​၍ မြင့်​သော​အ​ရပ်​သို့​တက်​ကြွ​တော်​မူ​၏။ကိုယ်​တော်​သည်​ပုန်​ကန်​သူ​တို့​၏​ထံ​မှ လက်​ဆောင်​ပဏ္ဏာ​များ​ကို​ခံ​ယူ​တော်​မူ​၏။ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရပ် တွင် ကိန်း​ဝပ်​တော်​မူ​မည်။

19. ငါ​တို့​၏​ဝန်​ထုပ်​များ​ကို​နေ့​စဉ်​နေ့​တိုင်းသယ်​ဆောင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။

ဆာ​လံ 68