ဆာ​လံ 68:27-35 Common Language Bible (BCL)

27. ချီ​တက်​လာ​သော​ထို​လူ​စု​ထဲ​တွင်​ဦး​စွာ အ​ငယ်​ဆုံး​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ၊ထို​နောက်​ယု​ဒ​ခေါင်း​ဆောင်​များ​နှင့်​အ​နွယ် ဝင်​များ၊သူ​တို့​နောက်​မှ​ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ ခေါင်း​ဆောင်​များ​နှင့်​အ​နွယ်​ဝင်​များ​လိုက်​ပါ ကြ​၏။

28-29. အို ဘု​ရား​သ​ခင်၊ရှင်​ဘု​ရင်​များ​ကိုယ်​တော်​ထံ​လက်​ဆောင်​များဆက်​သ​ရာ​ယေ​ရု​ရှင်​လင်​မြို့​ရှိ​ဗိ​မာန်​တော်​မှကျွန်​တော်​မျိုး​တို့​အ​တွက်​အ​သုံး​ပြု​တော်​မူ ခဲ့​သော တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။

30. ကူ​တော​မှ​သား​ရဲ​တိ​ရစ္ဆာန်​ဖြစ်​သည့်​အီ​ဂျစ် ပြည်​ကို ဆုံး​မ​တော်​မူ​ပါ။နွား​လား​ဥ​သ​ဘ​များ​နှင့်​နောက်​လိုက် နွား​ပျို​များ​တည်း​ဟူ​သော​လူ​မျိုး​များ သည်ကိုယ်​တော်​ရှင်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ လက်​ဆောင်ပဏ္ဏာ​ဆက်​သ​လာ​သည်​တိုင်​အောင်​သူ​တို့​အား ဆုံး​မ​တော်​မူ​ပါ။စစ်​တိုက်​ရန်​နှစ်​သက်​သော​လူ​မျိုး​တို့​ကို​ကွဲ​လွင့် စေ​တော်​မူ​ပါ။

31. အီ​ဂျစ်​ပြည်​မှ​သံ​တ​မန်​များ​သည်​အ​ထံ တော်​သို့ လာ​ကြ​ပါ​လိမ့်​မည်။ဆူ​ဒန်​ပြည်​သား​တို့​သည်​လက်​အုပ်​ချီ​၍ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ ပြု​ကြ​ပါ​လိမ့်​မည်။

32-33. လော​က​နိုင်​ငံ​အ​ပေါင်း​တို့၊ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​၍​ချီး​မွမ်း​ကြ​လော့။ရှေး​မ​ဆွ​က​တည်​ရှိ​နေ​သည့်​မိုး​ကောင်း​ကင်​တွင် ကြွ​မြန်း​တော်​မူ​သော​ဘု​ရား​ရှင်​အားထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ကျယ်​စွာ​မိန့်​မြွက်​တော်​မူ​သော​အ​သံ​ကို နား​ထောင်​ကြ​လော့။

34. ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​ထုတ်​ဖော် ကြေ​ညာ​ကြ​လော့။ကိုယ်​တော်​၏​ဂုဏ်​ကျက်​သ​ရေ​တော်​သည်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင်​လွှမ်း​မိုး​၍ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​သည် မိုး​ကောင်း​ကင်​၌​ထင်​ရှား​လျက်​ရှိ​၏။

35. သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည်ရို​သေ​ကြောက်​ရွံ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​တန်​ခိုး​နှင့် စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။

ဆာ​လံ 68