ဆာ​လံ 68:1-8 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​သည်​ထ​တော်​မူ​၍​ကိုယ်​တော်​၏ ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​သည်​အ​ရေး​နိမ့်​၍ ထွက်​ပြေး​ကြ​၏။

2. ကိုယ်​တော်​သည်​သူ​တို့​အား​လေ​တွင်​လွင့်​ပါ သွား​သော မီး​ခိုး​ကဲ့​သို့​လွင့်​စင်​သွား​စေ​တော်​မူ​၏။ဖ​ယောင်း​သည်​မီး​ရှေ့​တွင်​အ​ရည်​ပျော်​သ​ကဲ့​သို့လူ​ယုတ်​မာ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တွင် သေ​ကျေ​ပျက်​စီး​ကြ​၏။

3. သူ​တော်​ကောင်း​တို့​မူ​ကား​ကိုယ်​တော်​၏​ရှေ့​တော်​တွင် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။သူ​တို့​သည်​အ​လွန်​ပင်​ပျော်​ရွှင်​ကြ​၍ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​၏။

4. ဘု​ရား​သ​ခင်​အား​သီ​ချင်း​ဆို​ကြ​လော့။ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ သီ​ချင်း​ဆို​ကြ​လော့။မိုး​တိမ်​ကို​စီး​တော်​မူ​သော​အ​ရှင်​၏​အ​တွက် လမ်း​ခ​ရီး​ကို​ပြင်​ဆင်​ကြ​လော့။ထို​အ​ရှင်​၏​နာ​မ​တော်​ကား​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ဝမ်း​မြောက်​ကြ​လော့။

5. သန့်​ရှင်း​မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​တွင် ကိန်း​ဝပ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်မိ​ဘ​မဲ့​သူ​များ​ကို​စောင့်​ရှောက်​၍​မု​ဆိုး​မ များ​ကို ကာ​ကွယ်​တော်​မူ​၏။

6. ကိုယ်​တော်​သည်​အ​ဖော်​မဲ့​သူ​တို့​အား​အိမ် ထောင်​နှင့် နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​၍အ​ကျဉ်း​ခံ​ရ​သူ​တို့​ကို​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​တော်​မူ​၏။သို့​ရာ​တွင်​ကိုယ်​တော်​အား​ပုန်​ကန်​ကြ​သူ​တို့ သည်​ကား သွေ့​ခြောက်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​ကြ​ရ​လိမ့်​မည်။

7. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အားလမ်း​ပြ​ပို့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို​ဖြတ်​၍ ချီ​တက်​တော်​မူ​သော​အ​ခါ​၌

8. မြေ​ကြီး​သည်​တုန်​လှုပ်​၍​မိုး​ကောင်း​ကင်​မှ မိုး​ရွာ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်သိ​နာ​တောင်​၏​ဘု​ရား​တည်း​ဟူ​သောဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သည် ကြွ​လာ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။

11-12. ဘု​ရား​ရှင်​အ​မိန့်​တော်​ရှိ​၍​အ​မျိုး​သ​မီး အ​မြောက်​အ​မြား​သည်``ရှင်​ဘု​ရင်​များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ခြေ တို့​သည် ဆုတ်​ပြေး​ကြ​လေ​ပြီ'' ဟု​သ​တင်း​လွှင့်​ကြ​၏။အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​အိမ်​များ​တွင် လက်​ရ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ကြ​၏။

22-23. ဘု​ရား​သ​ခင်​က``သင်​တို့​သည်​ရန်​သူ​များ​၏ သွေး​အိုင်​တွင်​လျှောက်​သွား​နိုင်​ကြ​စေ​ရန်​နှင့်သင်​တို့​၏​ခွေး​များ​သည်​သူ​တို့​၏​သွေး​ကို အ​လို​ရှိ​သ​မျှ​လျက်​သောက်​နိုင်​ကြ​စေ​ရန်သူ​တို့​အား​ဗာ​ရှန်​ပြည်​မှ​ငါ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်။သ​မုဒ္ဒ​ရာ​ရေ​နက်​ကြီး​ထဲ​မှ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်'' ဟု​မိန့်​တော်​မူ​၏။

28-29. အို ဘု​ရား​သ​ခင်၊ရှင်​ဘု​ရင်​များ​ကိုယ်​တော်​ထံ​လက်​ဆောင်​များဆက်​သ​ရာ​ယေ​ရု​ရှင်​လင်​မြို့​ရှိ​ဗိ​မာန်​တော်​မှကျွန်​တော်​မျိုး​တို့​အ​တွက်​အ​သုံး​ပြု​တော်​မူ ခဲ့​သော တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။

32-33. လော​က​နိုင်​ငံ​အ​ပေါင်း​တို့၊ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​၍​ချီး​မွမ်း​ကြ​လော့။ရှေး​မ​ဆွ​က​တည်​ရှိ​နေ​သည့်​မိုး​ကောင်း​ကင်​တွင် ကြွ​မြန်း​တော်​မူ​သော​ဘု​ရား​ရှင်​အားထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ကျယ်​စွာ​မိန့်​မြွက်​တော်​မူ​သော​အ​သံ​ကို နား​ထောင်​ကြ​လော့။

ဆာ​လံ 68