1. ဘုရားသခင်သည်ထတော်မူ၍ကိုယ်တော်၏ ရန်သူများကိုကွဲလွင့်စေတော်မူ၏။ကိုယ်တော်ကိုမုန်းသောသူတို့သည်အရေးနိမ့်၍ ထွက်ပြေးကြ၏။
10. ကိုယ်တော်ရှင်၏လူစုတော်သည်ထိုအရပ်တွင် နေထိုင်ကြ၏။ဆင်းရဲနွမ်းပါးသူတို့သည်ကိုယ်တော်ရှင်၏ကောင်းမြတ်တော်မူခြင်းကြောင့်ဖူလုံလျက်ရှိ ကြပါ၏။
11-12. ဘုရားရှင်အမိန့်တော်ရှိ၍အမျိုးသမီး အမြောက်အမြားသည်``ရှင်ဘုရင်များနှင့်သူတို့၏စစ်သည်ဗိုလ်ခြေ တို့သည် ဆုတ်ပြေးကြလေပြီ'' ဟုသတင်းလွှင့်ကြ၏။အမျိုးသမီးတို့သည်မိမိတို့အိမ်များတွင် လက်ရပစ္စည်းများကိုခွဲဝေကြ၏။