11. ကိုယ်တော်ရှင်ကောင်းမြတ်တော်မူခြင်းကြောင့်ရိတ်သိမ်းရသည့်အသီးအနှံများကား များပြားလှပါသည်တကား။ကိုယ်တော်ရှင်ကြွရောက်တော်မူရာအရပ် တိုင်း၌ ပေါများကြွယ်ဝမှုရှိပါသည်တကား။
12. စားကျက်တို့တွင်သိုးအုပ် ဆိတ်အုပ်များရှိပါ၏။တောင်ကုန်းတို့သည်သာယာရွှင်လန်းလျက်ရှိပါ၏။
13. ကွင်းပြင်တို့သည်သိုးများနှင့်ပြည့်နှက်လျက်ရှိပါ၏။ချိုင့်ဝှမ်းတို့သည်ဂျုံပင်များနှင့်ဖုံးလွှမ်းလျက်ရှိပါ၏။အရာခပ်သိမ်းတို့သည်ရွှင်လန်းစွာအော်ဟစ်၍ သီချင်းဆိုလျက်ရှိကြပါ၏။