1. အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိပါ၏။ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ကျွန်တော်မျိုးသည်ရန်သူများကိုကြောက်လန့်၍ နေပါ၏။ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။
2. သူယုတ်မာတို့၏လျှို့ဝှက်ကြံစည်မှုများ မှလည်းကောင်း၊ဆိုးညစ်သူလူစုလူဝေးတို့၏ဘေးမှလည်း ကောင်း ကွယ်ကာတော်မူပါ။
3. သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။
4. သူတို့သည်အရှက်ကင်းမဲ့စွာမိမိတို့၏ မုသားစကားများကိုလျင်မြန်စွာပျံ့နှံ့စေ ကြ၏။သူတို့သည်စက်ဆုတ်ဖွယ်ကောင်းသော ဂုံးချောစကားများပြောဆိုကာသူတော်ကောင်းတို့၏အသရေကိုဖျက်ကြ၏။