ဆာ​လံ 63:7-11 Common Language Bible (BCL)

7. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​ကူ​မ တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏အ​တောင်​တော်​အ​ရိပ်​အောက်​၌​ခို​လှုံ​လျက် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။

8. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​မှီ​တွယ် ပါ​၏။ကိုယ်​တော်​ရှင်​၏​လက်​ရုံး​တော်​သည်​လည်းကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား တော်​မူ​ပါ​၏။

9. ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည် မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ​ရ​ပါ​လိမ့် မည်။

10. သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ရ​၍ သူ​တို့​၏ရုပ်​အ​လောင်း​များ​ကို​ဝံ​ပု​လွေ​တို့ စား​ကြ​ပါ​လိမ့်​မည်။

11. ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အောင်​ပွဲ ပေး​တော်​မူ​သ​ဖြင့်မင်း​ကြီး​သည်​ဝမ်း​မြောက်​ပါ​လိမ့်​မည်။ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့်သစ္စာ​က​တိ​ပြု​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။သို့​ရာ​တွင်​မု​သား​ကို​သုံး​သော​သူ​တို့​၏ နှုတ်​များ​မူ​ကား​ပိတ်​လျက်​နေ​ရ​လိမ့်​မည်။

ဆာ​လံ 63