ဆာ​လံ 63:1-7 Common Language Bible (BCL)

1. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့်မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။

2. သန့်​ရှင်း​ရာ​ဌာ​န​တွင်​ကိုယ်​တော်​ရှင်​အား​ဖူး မြော်​ခွင့်​ကို ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​နှင့်ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြော်​ခွင့်​ပေး​တော်​မူ​ပါ။

3. ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် အ​သက်​ထက်​ကောင်း​မြတ်​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။

4. ကျွန်​တော်​မျိုး​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​မည်။လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။

5. ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ချို​မြိန်​သည့်​အ​စာ​ကို စား​သုံး​ရ​သူ​ကဲ့​သို့​ကျေ​နပ်​ရောင့်​ရဲ​လျက်​နေ ပါ​မည်။ကိုယ်​တော်​ရှင်​အား​ဝမ်း​မြောက်​စွာ​ထော​မ​နာ သီ​ချင်း​ဆို​ပါ​မည်။

6. ကျွန်​တော်​မျိုး​သည်​အိပ်​ရာ​ပေါ်​တွင် လဲ​လျောင်း​လျက်​နေ​စဉ်ကိုယ်​တော်​ရှင်​အား​အောက်​မေ့​သ​တိ​ရ​ပါ​၏။တစ်​ညဥ့်​လုံး​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​ကို စဉ်း​စား​ဆင်​ခြင်​လျက်​နေ​ပါ​၏။

7. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​ကူ​မ တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏အ​တောင်​တော်​အ​ရိပ်​အောက်​၌​ခို​လှုံ​လျက် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။

ဆာ​လံ 63