7. သူတို့စော်ကားပြောဆိုခြိမ်းခြောက်သည်ကို ကြားတော်မူပါ။သူတို့၏လျှာသည်ဋ္ဌားသဖွယ်ဖြစ်ပါ၏။သို့သော်လည်းသူတို့က``ငါတို့စကားကို အဘယ်သူ ကြားပါမည်နည်း'' ဟုဆိုကြပါ၏။
8. သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်သူတို့ကိုကြည့်၍ ပြုံးရယ်တော်မူပါ၏။ဘုရားမဲ့သူအပေါင်းတို့ကိုပြက်ရယ်ပြု တော်မူပါ၏။
9. ကျွန်တော်မျိုးသည်ကိုယ်တော်၏တန်ခိုးကို ယုံကြည်ကိုးစားပါ၏။အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။
10. ငါ၏ဘုရားသည်ငါ့ကိုချစ်၍ငါ့ထံသို့ ကြွလာတော်မူလိမ့်မည်။ငါ၏ရန်သူများအရေးရှုံးနိမ့်ကြသည်ကို ငါ့အား တွေ့မြင်ခွင့်ကိုပေးတော်မူလိမ့်မည်။