1. အို ဘုရားသခင်၊ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုကြားတော်မူပါ။ကျွန်တော်မျိုးပန်ကြားသောအခါ မျက်နှာလွှဲတော်မမူပါနှင့်။
2. ကျွန်တော်မျိုးတောင်းလျှောက်သည်ကို နားထောင်တော်မူ၍ထူးတော်မူပါ။ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်မှုများဖြင့် အားအင်ကုန်ခန်းလျက်နေပါ၏။
3. ရန်သူများ၏ခြိမ်းခြောက်မှုကြောင့်ကျွန်တော်မျိုး ကြောက်လန့်ပါ၏။သူယုတ်မာတို့၏နှိပ်စက်ညှဉ်းဆဲမှုကြောင့် ကျွန်တော်မျိုးစိတ်ပျက်အားလျော့ပါ၏။သူတို့သည်ကျွန်တော်မျိုးအားဆင်းရဲဒုက္ခ ရောက်စေကြပါ၏။သူတို့သည်ကျွန်တော်မျိုးအားအမျက်ထွက်၍ မုန်းကြပါ၏။
4. ကျွန်တော်မျိုး၏စိတ်နှလုံးသည်ကြောက်လန့်လျက် နေပါ၏။သေဘေးကိုလွန်စွာထိတ်လန့်လျက်ရှိပါ၏။
5. ကြောက်လန့်တုန်လှုပ်လျက်၊လွန်စွာတုန်လှုပ် ချောက်ချားလျက်ရှိပါ၏။
6. အကယ်၍ချိုးငှက်ကဲ့သို့ငါ့မှာအတောင်များရှိခဲ့ပါမူငါသည်အဝေးသို့ပျံသွားကာ နားနေစရာအရပ်ကိုရှာမည်။
7. ငါသည်အလွန်ဝေးရာအရပ်သို့ပျံသွားလျက် တောကန္တာရတွင်နေထိုင်ပါမည်။
8. ငါသည်လျင်မြန်စွာသွား၍လေပြင်းနှင့်မိုးသက်မုန်တိုင်းတို့မှအကာအကွယ်ကိုရှာမည်။
9. အို ဘုရားရှင်၊ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
10. ထိုသူတို့သည်မြို့ကိုနေ့ညမပြတ်ဝိုင်းရံထား ကြပါ၏။မြို့ထဲတွင်ရာဇဝတ်မှု၊နှောင့်ယှက်မှုများနှင့် ပြည့်နှက်လျက်ရှိပါ၏။
11. နေရာတကာတွင်အပျက်အစီးများရှိနေပါ၏။လမ်းများ၌နှိပ်စက်ညှဉ်းဆဲမှု၊လိမ်လည် လှည့်စားမှုများနှင့်ပြည့်နှက်လျက်ရှိပါ၏။
12. အကယ်၍ငါ့အားပြောင်လှောင်သူသည်ငါ၏ရန်သူဖြစ်ခဲ့သော်ငါသည်သည်းခံနိုင် ပါ၏။ငါ့ကိုအကြောင်းပြု၍ကြွားဝါသောရန်ဘက် ဖြစ်ခဲ့သော် ငါသည်သူ့ကိုရှောင်ရှားနိုင်၏။
13. သို့ရာတွင်ယင်းသို့ပြုသူမှာငါ၏အပေါင်းအဖော်၊ လုပ်ဖော်ဆောင်ဘက်၊ရင်းနှီးသည့်မိတ်ဆွေဖြစ်သူပင်ဖြစ်ပါသည်တကား။