ဆာ​လံ 52:1-3 Common Language Bible (BCL)

1. တန်​ခိုး​ကြီး​သော​အ​ချင်း​လူ၊အ​ဘယ်​ကြောင့် မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ကြွား​ဝါ​သ​နည်း။ဘု​ရား​သ​ခင်​၏​သစ္စာ​တော်​သည်​အ​စဉ်​အ​မြဲ​တည်​၏။

2. သင်​သည်​သူ​တစ်​ပါး​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို ကြံ​စည်​တတ်​၏။သင်​၏​လျှာ​သည်​သင်​တုန်း​ဋ္ဌား​ကဲ့​သို့​ထက်​မြက်​၏။သင်​သည်​မ​ဟုတ်​မ​မှန်​သည့်​စ​ကား​ကို​အ​စဉ်​ပင် လုပ်​ကြံ​ပြော​ဆို​တတ်​၏။

3. သင်​သည်​အ​ကောင်း​ထက်​အ​ဆိုး​ကို​လည်း​ကောင်း၊သစ္စာ​စ​ကား​ထက်​မု​သား​စ​ကား​ကို​လည်း​ကောင်း ပို​၍​နှစ်​သက်​တတ်​၏။

ဆာ​လံ 52