1-2. လူအပေါင်းတို့၊ဤစကားကိုနာယူကြလော့။အယုတ်အမြတ်၊ဆင်းရဲချမ်းသာမရွေး၊အရပ်တကာရှိလူခပ်သိမ်းတို့နားထောင်ကြလော့။
3. ငါသည်ရှင်းလင်းပြတ်သားစွာတွေးတောဆင် ခြင်မည်။အသိပညာနှင့်ယှဉ်သောစကားများကို ပြောဆိုမည်။
4. ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
5. ဆိုးယုတ်သည့်ရန်သူတို့သည်ငါ့အားဝိုင်းရံထားသဖြင့်ငါသည်ဘေးသင့်၍နေ သော်လည်း ကြောက်လန့်လိမ့်မည်မဟုတ်။
6. ထိုသူတို့သည်မိမိတို့၏စည်းစိမ်ဥစ္စာကိုယုံကြည်အားကိုးသူများ၊ချမ်းသာကြွယ်ဝမှုကို ကြွားဝါသူများဖြစ်ပေသည်။
7. လူသည်အဘယ်အခါ၌မျှမိမိကိုယ်ကို မကယ်နိုင်၊မိမိအသက်၏တန်ဖိုးကိုထာဝရဘုရား အား မပေးမဆပ်နိုင်။
10. ပညာရှိတို့သည်လည်းကောင်း၊မိုက်မဲ၍ အသိဉာဏ်တုံးသူတို့သည်လည်းကောင်းသေခြင်းတရားကိုမလွန်ဆန်နိုင်ကြောင်းကို မည်သူမဆိုတွေ့မြင်နိုင်ပေသည်။သူတို့အားလုံးပင်မိမိတို့၏ဥစ္စာပစ္စည်းများကို သားမြေးများအတွက်ထားခဲ့ရကြ၏။
11. အခါတစ်ပါးကသူတို့သည်မြေပိုင်ရှင်များ ဖြစ်ခဲ့ဖူးသော်လည်းယခုအခါသင်္ချိုင်းတွင်းများသာလျှင်ထိုသူတို့အခါခပ်သိမ်းနေထိုင်ရာ၊ ထာဝရနေအိမ်များဖြစ်ပေသည်။