ဆာ​လံ 48:8-10 Common Language Bible (BCL)

8. ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို ငါ​တို့​ကြား​ဖူး​ကြ​၏။ယင်း​သို့​ကြား​ဖူး​ကြ​သည့်​အ​တိုင်း​အ​နန္တ​တန်​ခိုး​ရှင်ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ငါ​တို့​ဘု​ရား​၏ မြို့​တော်​တွင်​ယ​ခု​ငါ​တို့​တွေ့​မြင်​ကြ​ရ​လေ​ပြီ။ကိုယ်​တော်​သည်​ထို​မြို့​တော်​ကို​ကာ​လ​အ​စဉ်​အ​ဆက် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။

9. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​အ​တွင်း​၌ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဆင်​ခြင်​ကြ​ပါ​၏။

10. နေ​ရာ​တ​ကာ​တွင်​လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​၏​ဂုဏ်​သ​တင်း​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​သို့​ပျံ့​နှံ့​နေ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​စွာ အုပ်​စိုး​တော်​မူ​ပါ​၏။

ဆာ​လံ 48