2. ဘုရားသခင်၏တောင်တော်ဖြစ်သည့်ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။
3. ထိုမြို့တော်၏ခံတပ်များအတွင်းအထံ တော်တွင်ဘေးမဲ့လုံခြုံမှုရှိကြောင်းကိုဘုရားသခင် ပြသတော်မူပြီ။
4. ရှင်ဘုရင်တို့သည်စုရုံးလျက်ဇိအုန်တောင်ကို တိုက်ခိုက်ရန်ချီတက်လာကြ၏။
5. ထိုတောင်ကိုမြင်သောအခါသူတို့သည် အံ့သြထိတ်လန့်၍ထွက်ပြေးကြ၏။
6-7. သူတို့သည်သားဖွားချိန်နီးသည့် အမျိုးသမီးကဲ့သို့လည်းကောင်း၊ပြင်းထန်သောလေမုန်တိုင်းမိသဖြင့်လူးနေရသောသင်္ဘောကြီးများကဲ့သို့လည်းကောင်း ထိတ်လန့်တုန်လှုပ်ကြကုန်၏။
8. ကိုယ်တော်ပြုတော်မူသောအမှုအရာများကို ငါတို့ကြားဖူးကြ၏။ယင်းသို့ကြားဖူးကြသည့်အတိုင်းအနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောငါတို့ဘုရား၏ မြို့တော်တွင်ယခုငါတို့တွေ့မြင်ကြရလေပြီ။ကိုယ်တော်သည်ထိုမြို့တော်ကိုကာလအစဉ်အဆက် ဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။