ဆာ​လံ 48:1-5 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​သည့်​တောင်​တော် တည်း​ဟူ​သောငါ​တို့​ဘု​ရား​၏​မြို့​တော်​တွင်​အ​လွန် ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​ပေ​၏။

2. ဘု​ရား​သ​ခင်​၏​တောင်​တော်​ဖြစ်​သည့်ဇိ​အုန်​တောင်​သည်​မြင့်​မား​၍​လှ​ပ​တင့်​တယ် ပါ​၏။မ​ဟာ​မင်း​မြတ်​၏​မြို့​တော်​သည်​ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​စိတ်​ရွှင်​လန်း​စေ​ပါ​၏။

3. ထို​မြို့​တော်​၏​ခံ​တပ်​များ​အ​တွင်း​အ​ထံ တော်​တွင်ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ကြောင်း​ကို​ဘု​ရား​သ​ခင် ပြ​သ​တော်​မူ​ပြီ။

4. ရှင်​ဘု​ရင်​တို့​သည်​စု​ရုံး​လျက်​ဇိ​အုန်​တောင်​ကို တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။

5. ထို​တောင်​ကို​မြင်​သော​အ​ခါ​သူ​တို့​သည် အံ့​သြ​ထိတ်​လန့်​၍​ထွက်​ပြေး​ကြ​၏။

13-14. ထို​မြို့​၏​တံ​တိုင်း​များ​ကို​မှတ်​သား​၍​ခံ​တပ် များ​ကို စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ထို​အ​ခါ​သင်​တို့​သည်``ဤ​ဘု​ရား​ကား ကမ္ဘာ​အ​ဆက်​ဆက်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ငါ​တို့​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်'' ဟုနောင်​လာ​နောက်​သား​တို့​အား ပြော​ကြား​နိုင်​ကြ​လိမ့်​မည်။

ဆာ​လံ 48