ဆာ​လံ 45:2-5 Common Language Bible (BCL)

2. အ​ရှင်​မင်း​ကြီး​သည်​လူ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​ပါ​၏။မွန်​မြတ်​သော​စ​ကား​ကို​မိန့်​မြွက်​တော်​မူ​တတ်​ပါ​၏။သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ထာ​ဝ​စဉ်​ခံ​စား​တော်​မူ​ရ​ပါ​၏။

3. တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်၊​ဋ္ဌား​တော်​ကို တပ်​ဆင်​တော်​မူ​ပါ။အ​ရှင်​မင်း​ကြီး​သည်​တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။

4. သစ္စာ​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​စိုး​မိုး​ရေး အ​တွက်ဘုန်း​အ​သ​ရေ​တော်​နှင့်​တ​ကွ​ချီ​တက်​တိုက် ခိုက်​၍ အောင်​ပွဲ​ခံ​တော်​မူ​ပါ။အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​စွမ်း​ရည်​အား​ဖြင့် အောင်​ပွဲ​ကြီး​များ​ကို​ခံ​ရ​ပါ​လိမ့်​မည်။

5. မြား​တော်​တို့​သည်​ထက်​သည်​ဖြစ်​၍​ရန်​သူ​တို့​၏ နှ​လုံး​သား​ကို​ထိုး​ဖောက်​ပါ​၏။လူ​မျိုး​တ​ကာ​တို့​သည်​ခြေ​တော်​ရင်း​၌​လဲ​ကြ ပါ​၏။

ဆာ​လံ 45