7. သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား ရန်သူများလက်မှကယ်တော်မူ၍ကျွန်တော်မျိုးတို့ကိုမုန်းသူတို့အား နှိမ်နင်းတော်မူခဲ့ပါ၏။
8. ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အားအစဉ်အမြဲထောမနာပြု၍ကျေးဇူးတော်ကို ထာဝစဉ်ချီးမွမ်းပါမည်။
9. သို့ရာတွင်ယခုအခါ၌ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားပစ်ပယ်တော်မူလျက် အရေးရှုံးနိမ့်စေတော်မူပါပြီ။ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူတော့ပါ။
10. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ရန်သူများထံမှထွက်ပြေးစေတော်မူပါ၏။သူတို့သည်လည်းကျွန်တော်မျိုးတို့၏ ပစ္စည်းဥစ္စာများကိုအပိုင်သိမ်းယူကြပါ၏။
11. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသိုးများ သဖွယ်အသတ်ခံစေတော်မူလျက်တစ်ကျွန်းတစ်နိုင်ငံသို့ ကွဲလွင့်သွားစေတော်မူပါ၏။
12. ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အဖိုးအနည်းငယ်ဖြင့်ရောင်းချတော်မူပါ၏။မည်သည့်အမြတ်အစွန်းမျှလည်းရရှိတော်မမူပါ။
13. ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်ပြုတော်မူသော အမှုကိုအိမ်နီးချင်းများသည်မြင်၍ကျွန်တော်မျိုးတို့အား ပြောင်လှောင်၍ပြက်ရယ်ပြုကြပါ၏။
14. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အားလူမျိုးတကာတို့မထီမဲ့မြင်ပြုစရာ ဖြစ်စေတော်မူပါပြီ။သူတို့သည်ကျွန်တော်မျိုးတို့အားမခိုးမခန့် ဦးခေါင်းညိတ်၍ပြကြပါ၏။
17. ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပြုတော် မူသော ပဋိညာဉ်တော်ကိုမချိုးဖောက်ခဲ့ကြပါ။ကိုယ်တော်ရှင်အားလည်းမမေ့လျော့ခဲ့ကြပါ။သို့ပါလျက်ဤဆင်းရဲဒုက္ခများကိုကျွန်တော် မျိုးတို့ ခံကြရပါ၏။
18. ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား သစ္စာမဖောက်ခဲ့ကြပါ။ကိုယ်တော်၏အမိန့်တော်များကိုမလွန်ဆန်ခဲ့ ကြပါ။
19. သို့ပါလျက်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အားသားရဲများရှိရာ အရပ်တွင် ခိုကိုးရာမဲ့ထားတော်မူခဲ့ပါ၏။အမှောင်ဆုံးအရပ်တွင်စွန့်ပစ်၍ထားတော် မူခဲ့ပါ၏။
20. အကယ်၍ကျွန်တော်မျိုးတို့သည်မိမိတို့၏ ဘုရားအားဝတ်မပြုရှိမခိုးဘဲတစ်ကျွန်းတစ်နိုင်ငံသားတို့၏ဘုရားထံသို့ ဆုတောင်းပတ္ထနာပြုကြပါမူ
21. ဧကန်မုချကိုယ်တော်ရှင်သိတော်မူမည်သာ ဖြစ်ပါ၏။အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်လူတို့၏လျှို့ဝှက်သောအကြံအစည်များကို သိတော်မူသောကြောင့်ဖြစ်ပါ၏။
22. သို့ရာတွင်ကိုယ်တော်ရှင်အားသစ္စာစောင့်သည့် အတွက်ကြောင့်ကျွန်တော်မျိုးတို့သည်အခါခပ်သိမ်းသေ ဘေးနှင့် ကြုံရကြပါ၏။သတ်ရန်လျာထားသောသိုးများကဲ့သို့သူတစ်ပါးတို့ မှတ်ယူခြင်းကိုခံရကြပါ၏။
23. အို ထာဝရဘုရား၊ နိုးထတော်မူပါ။ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။
24. ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးတို့အားမျက်နှာတော်ကို လွှဲတော်မူပါသနည်း။ကျွန်တော်မျိုးတို့၏ဝေဒနာနှင့်ဆင်းရဲဒုက္ခများကို မေ့တော်မမူပါနှင့်။
25. ကျွန်တော်မျိုးတို့သည်မြေသို့တိုင်အောင် ချေမှုန်းခြင်းကိုခံကြရပါ၏။အရေးရှုံးနိမ့်ကာမြေမှုန့်တွင်လဲလျက် နေကြရပါ၏။