ဆာ​လံ 44:3-21 Common Language Bible (BCL)

3. ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​ပြည်​ကို ဋ္ဌား​လက်​နက်​ဖြင့်​သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။မိ​မိ​တို့​၏​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​လည်း သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော် အား​ဖြင့်​လည်း​ကောင်း၊ကိုယ်​တော်​သည်​သူ​တို့​အား​ချစ်​တော်​မူ​သ​ဖြင့်သူ​တို့​နှင့်​အ​တူ​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ခြင်း အား​ဖြင့်​လည်း​ကောင်းသူ​တို့​သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ကြ​ပါ​၏။

4. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ​၏။

5. ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏တန်​ခိုး​တော်​အား​ဖြင့်​ရန်​သူ​များ​ကို အ​နိုင်​ရ​ကြ​ပါ​၏။

6. ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လေး​ကို​အား​မ​ကိုး​ပါ။ကျွန်​တော်​မျိုး​၏​ဋ္ဌား​သည်​လည်း​ကျွန်​တော်​မျိုး​ကို မ​ကယ်​နိုင်​ပါ။

7. သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး တို့​အား ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၍ကျွန်​တော်​မျိုး​တို့​ကို​မုန်း​သူ​တို့​အား နှိမ်​နင်း​တော်​မူ​ခဲ့​ပါ​၏။

8. ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အားအ​စဉ်​အ​မြဲ​ထော​မ​နာ​ပြု​၍​ကျေး​ဇူး​တော်​ကို ထာ​ဝ​စဉ်​ချီး​မွမ်း​ပါ​မည်။

9. သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​သည်ကျွန်​တော်​မျိုး​တို့​အား​ပစ်​ပယ်​တော်​မူ​လျက် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​တော့​ပါ။

10. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ရန်​သူ​များ​ထံ​မှ​ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။သူ​တို့​သည်​လည်း​ကျွန်​တော်​မျိုး​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​အ​ပိုင်​သိမ်း​ယူ​ကြ​ပါ​၏။

11. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သိုး​များ သ​ဖွယ်အ​သတ်​ခံ​စေ​တော်​မူ​လျက်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ကွဲ​လွင့်​သွား​စေ​တော်​မူ​ပါ​၏။

12. ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​ဖိုး​အ​နည်း​ငယ်​ဖြင့်​ရောင်း​ချ​တော်​မူ​ပါ​၏။မည်​သည့်​အ​မြတ်​အ​စွန်း​မျှ​လည်း​ရ​ရှိ​တော်​မ​မူ​ပါ။

13. ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​ကိုအိမ်​နီး​ချင်း​များ​သည်​မြင်​၍​ကျွန်​တော်​မျိုး​တို့​အား ပြောင်​လှောင်​၍​ပြက်​ရယ်​ပြု​ကြ​ပါ​၏။

14. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အားလူ​မျိုး​တ​ကာ​တို့​မ​ထီ​မဲ့​မြင်​ပြု​စ​ရာ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​မ​ခိုး​မ​ခန့် ဦး​ခေါင်း​ညိတ်​၍​ပြ​ကြ​ပါ​၏။

17. ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​မ​ချိုး​ဖောက်​ခဲ့​ကြ​ပါ။ကိုယ်​တော်​ရှင်​အား​လည်း​မ​မေ့​လျော့​ခဲ့​ကြ​ပါ။သို့​ပါ​လျက်​ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ကျွန်​တော် မျိုး​တို့ ခံ​ကြ​ရ​ပါ​၏။

18. ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​မ​ဖောက်​ခဲ့​ကြ​ပါ။ကိုယ်​တော်​၏​အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ခဲ့ ကြ​ပါ။

19. သို့​ပါ​လျက်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​အား​သား​ရဲ​များ​ရှိ​ရာ အ​ရပ်​တွင် ခို​ကိုး​ရာ​မဲ့​ထား​တော်​မူ​ခဲ့​ပါ​၏။အ​မှောင်​ဆုံး​အ​ရပ်​တွင်​စွန့်​ပစ်​၍​ထား​တော် မူ​ခဲ့​ပါ​၏။

20. အ​ကယ်​၍​ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​အား​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ဘဲတစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​၏​ဘု​ရား​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​မူ

21. ဧ​ကန်​မု​ချ​ကိုယ်​တော်​ရှင်​သိ​တော်​မူ​မည်​သာ ဖြစ်​ပါ​၏။အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည်လူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။

ဆာ​လံ 44