11. ရန်သူတို့သည်ကျွန်တော်မျိုးအား အနိုင်ရစေတော်မမူမည်ဖြစ်၍ကျွန်တော်မျိုးအားကိုယ်တော်ရှင်နှစ်သက်တော်မူကြောင်းကိုကျွန်တော်မျိုး သိရပါလိမ့်မည်။
12. ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်သူဖြစ် သဖြင့်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကူမတော်မူ၍ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ်နေရခွင့်ကို ပေးတော်မူလိမ့်မည်။
13. ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။အာမင်၊ အာမင်။