ဆာ​လံ 38:1-10 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊အ​မျက်​တော်​ထွက်​၍​ကျွန်​တော်​မျိုး​အား အ​ပြစ်​ဒဏ်​ပေး​တော်​မ​မူ​ပါ​နှင့်။

2. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မြား ဖြင့်​ပစ်​၍ ဒဏ်​ရာ​ရ​ရှိ​စေ​တော်​မူ​ပါ​ပြီ။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြို​လဲ စေ​တော်​မူ​ပါ​ပြီ။

3. ကိုယ်​တော်​၏​အ​မျက်​တော်​ကြောင့်​ကျွန်​တော်​မျိုး​သည် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​ပါ​၏။မိ​မိ​၏​အ​ပြစ်​များ​ကြောင့်​တစ်​ကိုယ်​လုံး ရော​ဂါ​စွဲ​လျက်​နေ​ပါ​၏။

4. အ​ပြစ်​ဒု​စ​ရိုက်​ရေ​လွှမ်း​မိုး​ရာ​တွင်​ကျွန်​တော် မျိုး​သည် နစ်​မွန်း​လျက်​ရှိ​ပါ​၏။ယင်း​တို့​သည်​လေး​လံ​သော​အ​ပြစ်​ဝန်​ထုပ်​ဖြစ်​၍ ကျွန်​တော်​မျိုး​မ​ထမ်း​နိုင်​ပါ။

5. ကျွန်​တော်​မျိုး​၏​မိုက်​မဲ​မှု​ကြောင့်​ရ​ရှိ​သော အ​နာ​များ​သည်​ပုပ်​စပ်​နံ​စော်​လျက်​နေ​ပါ​၏။

6. ကျွန်​တော်​မျိုး​သည်​မ​ချိ​မ​ဆန့်​ဝေ​ဒ​နာ​ခံ​၍ နေ​ရ​ပါ​၏။တစ်​နေ့​လုံး​ပင်​ပူ​ဆွေး​ငို​ယို​လျက်​နေ​ရ​ပါ​၏။

7. ကျွန်​တော်​မျိုး​သည်​အ​ဖျား​အ​ပူ​ရှိန်​ပြင်း​ထန်​လျက် အ​သဲ​အ​သန်​ဖြစ်​နေ​ပါ​၏။

8. စိ​စိ​ညက်​ညက်​ကြေ​၍​နုန်း​နဲ့​ခွေ​ယိုင်​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​သည်​စိတ်​ဒုက္ခ​ရောက်​၍​ဝေ​ဒနာ​ကြောင့် ညည်း​ညူ​လျက်​ရှိ​ပါ​၏။

9. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​လို​ဆန္ဒ​ကို သိ​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​၏​ညည်း​ညူ​သံ​ကို​ကြား​တော်​မူ​ပါ​၏။

10. ကျွန်​တော်​မျိုး​၏​နှ​လုံး​သည်​ခုန်​၍​နေ​ပါ​၏။ ကျွန်​တော်​မျိုး​တွင်​ခွန်​အား​မ​ရှိ​တော့​ပါ။ကျွန်​တော်​မျိုး​၏​မျက်​စိ​များ​သည်​လည်း မှုံ​လျက်​နေ​ပါ​၏။

ဆာ​လံ 38