6. ကိုယ်တော်၏တရားမျှတမှုသည်မြင့်မားသော တောင်ရိုးနှင့်တူပါ၏။ကိုယ်တော်ရှင်၏စီရင်တော်မူချက်တို့သည် ပင်လယ်၏နက်ရှိုင်းရာများနှင့်တူပါ၏။ကိုယ်တော်ရှင်သည်လူနှင့်တိရစ္ဆာန်တို့ကို စောင့်ရှောက်တော်မူပါ၏။
7. အို ဘုရားသခင်၊ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာမြတ်နိုးဖွယ်ဖြစ်ပါ၏။ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏အတောင် တော်ရိပ် အောက်တွင်ဘေးမဲ့လုံခြုံခွင့်ရရှိကြပါ၏။
8. ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အားကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
9. ကိုယ်တော်ရှင်ထံမှသတ္တဝါမှန်သမျှတို့သည် အသက်ကိုရရှိကြပါ၏။ကိုယ်တော်ရှင်၏အလင်းတော်ကြောင့် ကျွန်တော်မျိုးတို့သည်အလင်းကိုရရှိကြ ပါ၏။
10. ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။သူတော်ကောင်းတို့အားဆက်လက်၍ ကျေးဇူးပြုတော်မူပါ။
11. မာနကြီးသူတို့အားကျွန်တော်မျိုးကိုတိုက် ခိုက်ခွင့်၊သူယုတ်မာတို့သည်ကျွန်တော်မျိုးကိုနှင်ထုတ်ခွင့် မရပါစေနှင့်။
12. ဆိုးယုတ်သူတို့လဲရာအရပ်ကိုကြည့်ကြလော့။သူတို့သည်မထနိုင်တော့ဘဲထိုနေရာတွင် လဲလျက်နေကြ၏။