ဆာ​လံ 36:1-3 Common Language Bible (BCL)

1. သူ​ယုတ်​မာ​၏​စိတ်​နှ​လုံး​အ​တွင်း​၌အ​ပြစ်​ဒု​စ​ရိုက်​သည်​တီး​တိုး​လှုံ့​ဆော်​လျက်​နေ​တတ်​၏။ထို​သူ​သည်​ဘု​ရား​ကို​ပစ်​ပယ်​တတ်​၏။ ကိုယ်​တော်​ကို​လည်း​မ​ကြောက်​မ​ရွံ့​တတ်။

2. မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လှ​သ​ဖြင့်သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ထာ​ဝ​ရ​ဘု​ရား တွေ့​ရှိ​တော်​မူ​လိမ့်​မည်​မ​ဟုတ်၊မိ​မိ​အား​အ​ပြစ်​ဒဏ်​လည်း​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟု​ထင်​မှတ်​တတ်​၏။

3. သူ​ပြော​ဆို​သော​စ​ကား​သည်​ညစ်​ညမ်း​၍ မု​သား​အ​တိ​ဖြစ်​၏။သူ​သည်​အ​ကျင့်​ကောင်း​ကို​မ​ပြု​တော့​ပြီ၊ ပ​ညာ​သ​တိ​လည်း​မ​ရှိ​တော့​ပြီ။

ဆာ​လံ 36