17. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အဘယ်ကာလတိုင်အောင် ကြည့်၍နေတော်မူပါမည်နည်း။သူတို့၏တိုက်ခိုက်မှုများမှကျွန်တော်မျိုးအား ကယ်နုတ်တော်မူပါ။ဤခြင်္သေ့တို့၏ဘေးမှကျွန်တော်မျိုး၏အသက်ကို ကယ်တော်မူပါ။
18. ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်၏ လူစုတော် အစည်းအဝေးတွင်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။လူပရိသတ်ကြီး၏ရှေ့တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
19. ကျွန်တော်မျိုး၏ရန်သူလူလိမ်လူညာများ အားကျွန်တော်မျိုးအရေးရှုံးနိမ့်မှုကိုအကြောင်း ပြုကာ နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါ နှင့်။အကြောင်းမဲ့ကျွန်တော်မျိုးကိုမုန်းသောသူတို့အားကျွန်တော်မျိုး၏ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကိုပေးတော်မမူပါနှင့်။
20. သူတို့သည်ငြိမ်းချမ်းစေမည့်စကားကို မပြောဘဲငြိမ်းချမ်းရေးလိုလားသူတို့၏အကြောင်းကို မဟုတ်မမှန်လုပ်ကြံ၍ပြောဆိုကြပါ၏။
21. သူတို့က``ဟားဟားသင်ပြုသောအမှုကိုငါတို့မြင်ကြ၏'' ဟုအော်ဟစ်၍ကျွန်တော် မျိုးအား စွပ်စွဲပြောဆိုကြပါ၏။