ဆာ​လံ 35:13-24 Common Language Bible (BCL)

13. ငါ​မူ​ကား​ထို​သူ​တို့​ဖျား​နာ​ကြ​သော​အ​ခါ၊ဝမ်း​နည်း​သည့်​အ​နေ​ဖြင့်​နှိမ့်​ချ​ဆု​တောင်း​လျက် လျှော်​တေ​ကို​ဝတ်​၍​အ​စာ​မ​စား​ဘဲ​နေ​၏။

14. ငါ​သည်​မိတ်​ဆွေ​သို့​မ​ဟုတ်​ညီ​အစ်​ကို​၏​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​သ​ကဲ့​သို့စိတ်​အား​ထက်​သန်​စွာ​သူ​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ငါ​၏​မိ​ခင်​အ​တွက်​ပူ​ဆွေး​သ​ကဲ့​သို့၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။

15. သို့​ရာ​တွင်​ငါ​ဒုက္ခ​ရောက်​သော​အ​ခါ၊သူ​တို့​အား လုံး​ပင် ဝမ်း​မြောက်​ကြ​လျက်ငါ့​ကို​ပြောင်​လှောင်​ရန်​ဝိုင်း​ရံ​စု​ရုံး​လာ​ကြ​၏။ငါ​မ​သိ​သော​သူ​တို့​သည်​ငါ့​အား​ရိုက်​နှက်​ကြ​၏။ မ​ရပ်​မ​စဲ​ဘဲ​ရိုက်​နှက်​ကြ​၏။

16. ငါ့​အား​နာ​ကြည်း​အောင်​ပြောင်​လှောင်​ကြ​၏။မုန်း​မာန်​ပွား​၍​ငါ့​ကို​စူး​စူး​ဝါး​ဝါး​ကြည့် ကြ​၏။

17. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ကြည့်​၍​နေ​တော်​မူ​ပါ​မည်​နည်း။သူ​တို့​၏​တိုက်​ခိုက်​မှု​များ​မှ​ကျွန်​တော်​မျိုး​အား ကယ်​နုတ်​တော်​မူ​ပါ။ဤ​ခြင်္သေ့​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကယ်​တော်​မူ​ပါ။

18. ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ လူ​စု​တော် အ​စည်း​အ​ဝေး​တွင်ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။လူ​ပ​ရိ​သတ်​ကြီး​၏​ရှေ့​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။

19. ကျွန်​တော်​မျိုး​၏​ရန်​သူ​လူ​လိမ်​လူ​ညာ​များ အားကျွန်​တော်​မျိုး​အ​ရေး​ရှုံး​နိမ့်​မှု​ကို​အ​ကြောင်း ပြု​ကာ နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ နှင့်။အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​အားကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​မှု​ကို​အ​ကြောင်း​ပြု​၍ လှောင်​ပြောင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

20. သူ​တို့​သည်​ငြိမ်း​ချမ်း​စေ​မည့်​စ​ကား​ကို မ​ပြော​ဘဲငြိမ်း​ချမ်း​ရေး​လို​လား​သူ​တို့​၏​အ​ကြောင်း​ကို မ​ဟုတ်​မ​မှန်​လုပ်​ကြံ​၍​ပြော​ဆို​ကြ​ပါ​၏။

21. သူ​တို့​က``ဟား​ဟား​သင်​ပြု​သော​အ​မှု​ကိုငါ​တို့​မြင်​ကြ​၏'' ဟု​အော်​ဟစ်​၍​ကျွန်​တော် မျိုး​အား စွပ်​စွဲ​ပြော​ဆို​ကြ​ပါ​၏။

22. သို့​သော်​လည်း အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ​အ​မှု​ကို​သိ​မြင်​တော် မူ​ပါ​၏။သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။

23. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊နိုး​ထ​တော်​မူ​၍ကျွန်​တော်​မျိုး​ဖြောင့်​မှန်​ကြောင်း​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ။

24. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​တွင်​အပြစ်​မ​ရှိ​ကြောင်း​ထုတ်​ဖော် ကြေ​ညာ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်ကျွန်​တော်​မျိုး​ကို​အ​ကြောင်း​ပြု​၍​နှစ်​ထောင်း အား​ရ​ခွင့်​ကို​ရ​စေ​တော်​မ​မူ​ပါ​နှင့်။

ဆာ​လံ 35