9. ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့၊ထာဝရဘုရားအားကြောက်ရွံ့ရိုသေကြ လော့။ကိုယ်တော်၏စကားကိုနားထောင်သူတို့သည် ချို့တဲ့မှုရှိကြလိမ့်မည်မဟုတ်။
10. ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။သို့ရာတွင်ထာဝရဘုရား၏စကားကိုနားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
11. ငယ်ရွယ်သူမိတ်ဆွေတို့၊ငါ့ထံသို့လာ၍ ငါ့စကားကိုနားထောင်ကြလော့။ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်ရန် သင်တို့အားငါသင်ကြားပေးမည်။
12. သင်တို့သည်ပျော်ပျော်ပါးပါးနေထိုင်လို ကြပါသလော။အသက်ရှည်ခြင်းနှင့်တကွပျော်ရွှင်ခြင်းကို လိုလားကြပါသလော။
13. လိုလားပါလျှင်ညစ်ညမ်းသည့်စကားနှင့် မုသားစကားကိုမပြောကြနှင့်။
14. ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
15. ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။
16. သို့ရာတွင်ဒုစရိုက်ပြုသူတို့မူကားသေသော အခါမကြာမီပင်သူတို့ကိုလူတို့မေ့ပျောက်သွား စေရန်ကိုယ်တော်သည်သူတို့ကိုဆန့်ကျင်ဘက်ပြု တော်မူ၏။
17. သူတော်ကောင်းတို့သည်ကိုယ်တော်အား ခေါ်ကြသောအခါကိုယ်တော်သည်ထူးတော်မူ၍ဆင်းရဲဒုက္ခ အပေါင်းမှ ကယ်ဆယ်တော်မူ၏။
18. ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
19. သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
20. ထာဝရဘုရားသည်သူ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။သူ၏အရိုးတစ်ချောင်းမျှပင်လျှင်မကျိုး မပဲ့ရ။