1. ငါသည်ထာဝရဘုရား၏ဂုဏ်တော်ကို အစဉ်မပြတ်ထောမနာပြုမည်။ကိုယ်တော်အားအခါခပ်သိမ်းထောမနာပြုမည်။
2. ငါသည်ကိုယ်တော်ပြုတော်မူသောအမှုအရာများအတွက်ကိုယ်တော်အား ထောမနာပြုမည်။အနှိပ်အစက်ခံရသူအပေါင်းတို့သည် ကြားနာ၍ ဝမ်းမြောက်ကြပါစေသော။
3. ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုငါနှင့် အတူ ကြွေးကြော်ကြလော့။ငါတို့သည်အတူတကွကိုယ်တော်၏နာမတော် ကို ထောမနာပြုကြကုန်အံ့။
4. ငါသည်ထာဝဘုရားအားဆုတောင်းပတ္ထနာပြုသည့်အခါကိုယ်တော်သည် နားညောင်းတော်မူ၏။ကြောက်လန့်ဖွယ်ရာဟူသမျှမှငါ့ကို ကယ်နုတ်တော်မူ၏။
5. အနှိပ်အစက်ခံရသူတို့သည်ကိုယ်တော်ကို မျှော်ကြည့်၍ဝမ်းမြောက်ပါ၏။သူတို့သည်အဘယ်အခါ၌မျှစိတ်ပျက်ကြ ရလိမ့်မည်မဟုတ်။
6. ခိုကိုးရာမဲ့သူတို့သည်ကိုယ်တော်ကို ခေါ်ကြသောအခါကိုယ်တော်ထူးတော်မူ၍သူတို့အား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
7. ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူတို့ အားကိုယ်တော်၏ကောင်းကင်တမန်သည်စောင့်ကြပ် ကြည့်ရှု၍ဘေးအန္တရာယ်မှကယ်ဆယ်တော်မူ၏။