ဆာ​လံ 33:7-14 Common Language Bible (BCL)

7. ပင်​လယ်​ရှိ​သ​မျှ​တို့​ကို​တစ်​နေ​ရာ​တည်း​တွင် စု​ဝေး​စေ​တော်​မူ​၏။နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​ရေ​များ​ကို သို​လှောင်​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား​တော် မူ​၏။

8. ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊​ထာ​ဝ​ရ ဘု​ရား​အား ရို​သေ​ကိုင်း​ရှိုင်း​ကြ​လော့။ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ကြ​လော့။

9. ကိုယ်​တော်​မြွက်​ဆို​တော်​မူ​သော​အ​ခါ ကမ္ဘာ​လော​က​သည်​ဖြစ်​ပေါ်​လာ​၏။ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ခါ​ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ပေါ်​ပေါက်​လာ​ကြ​၏။

10. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရည်​မှန်း​ချက်​များ​ကို​ပျက်​ပြား​စေ​တော်​မူ​၏။သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​လည်း အ​ထ​မ​မြောက်​စေ​ရန်​ဆီး​တား​တော်​မူ​၏။

11. သို့​ရာ​တွင်​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​တို့ မူ​ကား အ​ဘယ်​ကာ​လ​၌​မျှ​ပျက်​ပြား​လိမ့်​မည်​မ​ဟုတ်။ကိုယ်​တော်​၏​ရည်​မှန်း​ချက်​တို့​သည်​ထာ​ဝ​စဉ် အောင်​မြင်​သ​တည်း။

12. ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရား​အ​ဖြစ်​နှင့်​ကိုး​ကွယ် သော လူ​မျိုး​သည်​မင်္ဂ​လာ​ရှိ​၏။ကိုယ်​တော်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​လူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

13. ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ ငုံ့​၍​ကြည့်​တော်​မူ​ရာ၊လူ​သား​အ​ပေါင်း​ကို​မြင်​တော်​မူ​၏။

14. ကိုယ်​တော်​သည်​မိ​မိ​စိုး​စံ​တော်​မူ​ရာ​အ​ရပ် မှ​ငုံ့​၍ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ကြည့်​တော်​မူ​၏။

ဆာ​လံ 33