5. ထာဝရဘုရားသည်ဖြောင့်မတ်မှန်ကန်မှုကို နှစ်သက်တော်မူ၏။ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကမ္ဘာမြေကြီးကိုဖုံးလွှမ်းလျက်ရှိ၏။
6. ထာဝရဘုရားသည်အမိန့်တော်ဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊နှုတ်တော်ထွက်စကားအားဖြင့်နေ၊လ၊ကြယ်တာယာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။
7. ပင်လယ်ရှိသမျှတို့ကိုတစ်နေရာတည်းတွင် စုဝေးစေတော်မူ၏။နက်ရှိုင်းသောသမုဒ္ဒရာရေများကို သိုလှောင်ခန်းများတွင်သိမ်းဆည်းထားတော် မူ၏။
8. ကမ္ဘာမြေကြီးသားအပေါင်းတို့၊ထာဝရ ဘုရားအား ရိုသေကိုင်းရှိုင်းကြလော့။ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ကိုယ်တော်အား ကြောက်ရွံ့ရိုသေကြလော့။