1. အို သူတော်ကောင်းအပေါင်းတို့၊သင်တို့သည်ဘုရားသခင်ပြုတော်မူသောအမှုတော်အတွက် ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
2. စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
3. ရှေ့တော်၌သီချင်းသစ်ကိုဆိုကြလော့။သာယာစွာစောင်းကိုတီးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။