ဆာ​လံ 32:7-11 Common Language Bible (BCL)

7. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သ​ဖြင့်ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​အ​ကြောင်း​ကို အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​ပါ​မည်။

8. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​လိုက်​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​မည်။သင့်​အား​အ​ကြံ​ဉာဏ်​ပေး​၍​ကြည့်​ရှု​ပြု​စု​မည်။

9. သင်​သည်​ဇက်​နှင့်​ဇက်​ကြိုး​ဖြင့်​ထိန်း​ရ​သောမြင်း​သို့​မ​ဟုတ်​လား​ကဲ့​သို့​ဉာဏ်​မ​တုံး​နှင့်'' ဟု မိန့်​တော်​မူ​၏။

10. သူ​ယုတ်​မာ​တို့​သည်​ဒုက္ခ​ရောက်​ကြ​ရ​လိမ့်​မည်။သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ကိုး​စား​သူ​တို့​မူ​ကားခိုင်​မြဲ​သော​မေတ္တာ​တော်​ဖြင့်​ကွယ်​ကာ​ခြင်း​ကို ခံ​ရ​၏။

11. အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် အ​တွက် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။

ဆာ​လံ 32