ဆာ​လံ 32:1-7 Common Language Bible (BCL)

1. မိ​မိ​၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ခြင်း​ခံ​ရ​၍ကူး​လွန်​မှု​များ​အ​တွက်​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​၏။

2. မ​ကောင်း​မှု​ပြု​သူ​ဟု​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​တင် တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲလိမ်​လည်​လှည့်​စား​မှု​မှန်​သ​မျှ​နှင့်​ကင်း​စင်​သူ​သည် မင်္ဂ​လာ​ရှိ​၏။

3. ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို မ​ဖော်​ပြ၊​ဝန်​မ​ခံ​ဘဲ​နေ​သော​အ​ခါတစ်​နေ့​လုံး​ငို​ကြွေး​ရ​သ​ဖြင့်​မော​ပန်း​နွမ်း​နယ် ခဲ့​ပါ​၏။

4. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​နေ့​ရော​ည​ပါ အ​ပြစ်​ဒဏ်​ပေး​တော်​မူ​ပါ​၏။နွေ​ရာ​သီ​အ​ပူ​ရှိန်​ကြောင့်​အ​စို​ဋ္ဌာတ်​သည် ခန်း​ခြောက်​သွား​သ​ကဲ့​သို့ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ခန်း​သွား​ပါ​၏။

5. ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ် များ​ကို ကိုယ်​တော်​၏​ထံ​တွင်​ဖော်​ပြ​ဝန်​ခံ​ပါ​၏။ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​မှား​များ​ကို အ​ထံ​တော်​မှ​ဖုံး​ကွယ်​၍​မ​ထား​ပါ။ယင်း​တို့​ကို​ကိုယ်​တော်​အား​ဖော်​ပြ​ဝန်​ခံ​ရန် ကျွန်​တော်​မျိုး​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကူး​လွန်​မှု ရှိ​သ​မျှ​တို့​အ​တွက်​အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ​၏။

6. သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သူ​တို့​သည် အ​ရေး​ကြုံ​သည့်​အ​ခါ​များ​၌အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သင့်​ကြ ပါ​သည်။အ​ဟုန်​ပြင်း​စွာ​လွှမ်း​မိုး​၍​လာ​သော​ရေ​သည် သူ​တို့​ထံ​သို့​ရောက်​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။

7. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သ​ဖြင့်ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​အ​ကြောင်း​ကို အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​ပါ​မည်။

ဆာ​လံ 32