1. မိမိ၏အပြစ်များမှဖြေလွှတ်ခြင်းခံရ၍ကူးလွန်မှုများအတွက်လွတ်ငြိမ်းချမ်းသာခွင့် ရသောသူသည်မင်္ဂလာရှိ၏။
2. မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲလိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။
3. ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို မဖော်ပြ၊ဝန်မခံဘဲနေသောအခါတစ်နေ့လုံးငိုကြွေးရသဖြင့်မောပန်းနွမ်းနယ် ခဲ့ပါ၏။
4. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားနေ့ရောညပါ အပြစ်ဒဏ်ပေးတော်မူပါ၏။နွေရာသီအပူရှိန်ကြောင့်အစိုဋ္ဌာတ်သည် ခန်းခြောက်သွားသကဲ့သို့ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝခန်းသွားပါ၏။