1. အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်အထံတော်သို့ခိုလှုံရန် ချဉ်းကပ်ပါ၏။ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးနိမ့်စေတော်မမူပါနှင့်။ကိုယ်တော်ရှင်သည်တရားမျှတတော်မူသော ဘုရားဖြစ်တော်မူပါ၏။ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွန်တော်မျိုးပန်ကြားလျှောက်ထားပါ၏။
2. ကျွန်တော်မျိုး၏လျှောက်ထားချက်ကို နားထောင်တော်မူပါ။ယခုပင်ကျွန်တော်မျိုးအားကယ်တော်မူပါ။ကျွှန်တော်မျိုးအားကွယ်ကာရန်ကျွန်တော်မျိုး၏ ခိုလှုံရာကျောက်ဖြစ်တော်မူပါ။ကယ်မတော်မူရန်ကျွန်တော်မျိုး၏ရဲတိုက် ဖြစ်တော်မူပါ။
3. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကျောက်နှင့် ရဲတိုက်ဖြစ်တော်မူပါ၏။ကတိတော်ရှိသည်အတိုင်းကျွန်တော်မျိုးအား လမ်းပြပို့ဆောင်တော်မူပါ။
4. ကျွန်တော်မျိုးအတွက်ထောင်ထားသောကျော့ ကွင်းမှ လွတ်မြောက်စေတော်မူပါ။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ခိုလှုံရာ ဖြစ်တော်မူပါ၏။
5. ကျွန်တော်မျိုးသည်မိမိကိုယ်ကိုလက်တော်သို့ အပ်ပါ၏။အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူပါလိမ့်မည်။ကိုယ်တော်ရှင်သည်သစ္စာစောင့်တော်မူသောဘုရား ဖြစ်တော်မူပါ၏။
6. ကိုယ်တော်ရှင်သည်မိစ္ဆာဘုရားများကိုကိုးကွယ် ဆည်းကပ်သူတို့ကိုမုန်းတော်မူပါ၏။သို့ရာတွင်ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကိုးစားပါ၏။